၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်သုံးဆီဈေးနှုန်းအဆမတန်မြင့်
စစ်တွေမြို့တွင် ၇ခိုင်တိုက်ပွဲပြန်လည်မဖြစ်ပွား
ယင်းကြောင့် မြို့တွင်းသွားလာသည့် သုံးဘီးကားများ၊ အိန္ဒိယသုံးဘီးများ(ဒေသအခေါ် တုတ်တုတ်) နှင့် ဘေးတွဲဆိုင်ကယ်
"အခုက အနှေးယာဥ်စီးသူတွေများတယ်။ စက်သုံးဆီအသုံးပြုပြီး သွားလာရတဲ့ ယာဥ်တွေက ဆီဈေးမြင့်တဲ့အတိုင်း ကယ်ရီခလည်းများတယ်။ အနှေးယာဥ်တွေနဲ့ပဲ သွားကြတော့ အရင်ကထက်ပိုအဆင်ပြေတယ်လို့ ပြောလို့၇ပါတယ်" ဟု အနှေးယာဥ်မောင်းသူ ဦးအောင်ကျော်စိန်က ပြောသည်။
ယခင်က အနှေးယာဥ် ၁ ရက်တာမောင်းနှင်လျှင် ၅၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ခန့်အထိသာ အများဆုံးရရှိကြပြီး ယခုလျှင် အနှေးယာဥ် ၁ ရက်တာမောင်းနှင်ခ ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ရရှိသည်ဟုလည်း သိရသည်။
"အနှေးယာဥ်တွေနဲ့ သွားရတာက အချိန်ကြန့်ကြာလို့ အရင်ကဆို စီးသူတွေမရှိသလောက်ပါပဲ။ အခုက တစ်နေရာရာသို့သွားမယ်ဆို ခေါ်ကြတယ်။ ဈေးနှုန်းလည်းမများဘူး။ တုတ်တုတ်နဲ့ သွားလာရင် ခရီးဝေးပဲဖြစ်ဖြစ်၊ နီးတာပဲဖြစ်ဖြစ် အနည်းဆုံး ငါးထောင်ပေးရတယ်။ အနှေးယာဥ်စီးခ ပေးရတာက အဲ့ဒီလောက်မများတော့ ဒီကာလမှာစီးသူတွေများတယ်" ဟု နှောက်ထပ်အနှေးယာဥ်မောင်းသူ ဦးအောင်ဆန်းသာက ပြောသည်။
သို့သော်လည်း စစ်တွေမြို့တွင် လက်ရှိမြင့်တက်နေသည့် ဆန်ဈေးနှုန်းများနှင့် ကုန်ဈေးနှုန်းများကြောင့် အနှေးယာဥ်မောင်းသူများမှာ တစ်နေ့တာအနှေးယာဥ်မောင်းနှင်
အနှေးယာဥ်မောင်းသူများမှာ ယခင်က စီးသူမရှိသလောက်နည်းပါးသည့်အတွ
လက်ရှိ ၇ခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများ စတင်ဖြစ်ပွားသည့် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ စစ်ကောင်စီက တစ်ပြည်နယ်လုံးအနှံ့ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထား၍ စက်သုံးဆီများ တင်သွင်းခွင့်မရှိသည့်အတွက် ဆီပြတ်လပ်မှုများကို ကြုံနေရခြင်းဖြစ်သည်။
ထို့အတွက် စစ်တွေအပါအဝင် ၇ခိုင်မှမြို့များတွင် စက်ဘီးစီးသူများလည်း များပြားလာနေသည်။ (NN-12)