Preview

မောင်တောတွင် ရက်သတ္တ (၂) ပတ်အတွင်း တောဆင်ရိုင်းနင်းခံ၇၍ လူ ၂ ဦးသေဆုံး

ဒီဇင်ဘာ ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :1502
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် တောဆင်ရိုင်းနင်းခံရ၍ ရက်သတ္တ (၂) ပတ်အတွင်း လူ၂ ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

 သေဆုံးသွားသူမှာ မောင်တောမြို့နယ်၊ ငန်းချောင်းမွတ်ဆလင်ကျေးရွာမှ အသက် (၆၀) ခန့်အရွယ် ဦးအာဒူလ္လာမီနှင့် လောင်းဒုံကျေးရွာမှ လျှပ်စစ် ဝန်ထမ်းတစ်ဦးဖြစ်သူ အသက်(၄၀)အရွယ် ဦးဝင်းဇော်တို့ ဖြစ်ကြသည်။

ယနေ့ ဒီဇင်ဘာလ ၉ ရက်၊ နံနက်အစောကြီး ည၂ နာရီခန့်က ရွာအနီး တောင်ခြေရင်း၌ ဦးအာဒူလ္လာမီသည် သားဖြစ်သူနှင့်အတူ စပါးခင်းကို ညစောင့်အိပ်ရာမှ တောဆင်ရိုင်းနင်းခံရ၍ သေဆုံးသွားကြောင်း သိ၇သည်။

"သားဖနှစ်ယောက် လယ်ခင်းကို စောင့်နေကြတာ။ ညဉ့် ၂ နာရီကျော်လောက်မှာလေ။ ဆင် ၂ ကောင်က စပါးတွေ စားဖို့လာတာ။ သူတို့ အဲ့လိုလာစားနေကျလေ။ သားဖနှစ် ယောက်ကလည်း ဆင်ကိုလိုက်ကြတယ်။ ဆင်က ပြန်တိုက်ခိုက်တော့ သားက ခြေမြန်လက်မြန်ဆိုတော့ ပြေးလို့ လွတ်လိုက်တယ်။ အဖေကတော့ ဆင်နင်း ခံလိုက်၇တာပေါ့ “ ဟုပြောသည်။


ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်ကလည်း မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာမှ လျှပ်စစ်ဝန်ထမ်းတစ်ဦးဖြစ်သူ အသက်(၄၀)အရွယ် ဦးဝင်းဇော်သည် လယ်ကွင်း၌ စပါးစောင့်ပြီးအိပ်နေစဉ် တောဆင်ရိုင်းနင်းခံရ၍ သေဆုံးသွားခဲ့သည်ဟု သိ၇သည်။

 

မောင်တောမြို့နယ်အတွင်းရှိ မေယုတောင်တန်းသည် ရခိုင်ပြည်တွင် တောဆင်ရိုင်း အများဆုံးကျက်စားသည့်တောင်တန်းတစ်ခုဖြစ်ပြီး နအဖ၊ န၀တ စစ်အစိုးရလက်ထက်က ဖမ်းမိခဲ့သည့် ဆင်ဖြူတော်အချို့သည် အဆိုပါ တောင်တန်းမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။ (NN-13)

ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်။

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.