စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း သမိုင်းဝင်ဦးရာဇ်တောင်စေတီ လှေကားအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင်ဦးရာဇ်တောင်စေတီတော်မြတ် ရင်ပြင်ပေါ်သို့တက်ရောက်သည့် လှေကားထစ်အနီးတွင် ယနေ့ နေ့လယ် နာရီကျော်ခန့်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှူခဲ့သည့် ဒေသခံတစ်ဦးက "ရင်ပြင်ကို မရောက်ခင် ပြဿာဒ်အောက်က အဆောင်မှာပါ။ ရင်ပြင်ကိုရောက်ဖို့ လှေကားထစ် ဆယ်ထစ်လောက် လိုသေးတယ်။ အဲဒီနားက သင်္ခန်းအဆောင်မှာ လက်နက်ကြီးမှန်သွားတာပါ။ အပျက်အစီးကတော့ သံဖြူတန်းတွေအားလုံး လူနှစ်ယောက်လောက်ဝင်လို့ရတဲ့ အပေါက် ဖြစ်သွားတယ်။ ကျည်အပေါက်တွေလည်း သုံးဆယ်လောက်ဖြစ်သွားတယ်" ဟုပြောသည်။

အနီးအနားတွင် ညစောင့်မိသားစုတစ်စုရှိသော်လည်း လူထိခိုက်မှုမရှိခဲ့ဟု သိရသည်။

ယနေ့ ဒီဇင်ဘာလ ရက်၊ နေ့လယ် နာရီခွဲကျော်ခန့်ကစ၍ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းက ပုဏ္ဏားကျွန်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိဘဲ တစ်နာရီအကြာ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပုဏ္ဏားကျွန်းမြို့ခံများက ပြောသည်။

ဦးရာဇ်တောင် ဖောင်တော်အနီးရှိ သောက်ရေကန်တွင်လည်း လက်နက်ကြီးကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။

ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက " ဒီနေ့တစ်နာရီခွဲ နှစ်နာရီလောက်ကနေ လက်နက်ကြီးတွေ စပစ်ပါတယ်။ လက်နက်ကြီးတွေပစ်နေတုန်းမှာ အိမ်အောက်မှာ တော်တော်လေးနေလိုက်ရတယ်။ အခုမြို့ထဲမှာ လူတွေတော့ နည်းနည်းပါးပါး ပြန်ရောက်နေကြပါပြီ။ ထွက်သွားလိုက်ကြတာလည်း ကြာပြီဆိုတော့လေ။ ဈေးအငယ်နှစ်ခုမှာလည်း ဈေးရောင်းနေကြပြီ။ ဒရုန်းအကြီးစားမျိုးတစ်စီး သွားတဲ့အသံလည်း ကြားလိုက်ပါတယ်။ မြို့အနောက်ဘက်ကသွားလိုက်၊ အရှေ့ဘက်ကသွားလိုက်နဲ့ ပတ်သွားတဲ့အသံကြားလိုက်ပါတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့မဈေးကြီးထဲကို မြန်မာ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ မီးလောင်မှုဖြစ်ပွားခဲ့၍ တစ်ဈေးလုံးနီးပါး ပြာကျပျက်စီးခဲ့ရသည်။

ယင်းနောက်တွင် ပုဏ္ဏားကျွန်းမြို့ဒေသခံအများအပြားသည် စစ်ကောင်စီက မြို့ထဲသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်မည်ကို စိုးရိမ်၍ ဘေးလွတ်ရာသို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ (NN-8)



ဆက်စပ် သတင်းများ