Preview

မောင်တောတွင် သေနတ်ပစ်ခံရ၍ နွားကျောင်းနေသည့် မွတ်ဆလင်လူငယ်တစ်ဦးသေဆုံး

ဒီဇင်ဘာ ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :1616
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သေနတ်ပစ်ခံရပြီး နွားကျောင်းနေသည့် မွတ်ဆလင်လူငယ် တစ်ဦးသေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးရွာမှ အသက်( ၂၂) နှစ်အရွယ်အန်နာမူဟာဆောင်းဖြစ်သည်။

သူသည် မောင်တောမြို့နယ်၊ နူရ်လ္လာရွာပျက်ဗလီနှင့် အာ၇ဗီစာသင်ကျောင်းအနီးတွင်  ယမန်နေ့ ဒီဇင်ဘာ ၈ ရက်၊ ညနေ ၃ နာရီ ကျော်ခန့်က နွားကျောင်းနေစဥ် သေနတ်လှမ်းပစ်ခံရမှုကြောင့် သေဆုံးသွားသည်ဟု မောင်တောမြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"သေနတ်က ဘယ်သူဘယ်ဝါပစ်တယ်လို့မသိဘူးပေါ့နော်။ သေနတ်ဒဏ်ရာနဲ့သေနေတဲ့အလောင်းကိုပဲတွေ့တာပဲ။ ဒေသခံတွေကတော့ စစ်တပ်က လှမ်းပစ်တယ်လို့ ပြောနေကြပါတယ်။ဘာမှ အပြစ်မရှိတဲ့ လူငယ်တစ်ဦးကို ခုလိုမျိုးလုပ်တာကတော့ အရမ်းစိတ်မကောင်း စရာပါပဲ" ဟု၎င်းက ပြောသည်။

လက်ရှိတွင် သေဆုံးသူ၏အလောင်းသည် မောင်တောမြို့ဆေးရုံသို့ယူဆောင်လာပြီး ရွာကို ပြန်ယူဆောင်သွားပြီဟု သိရသည်။

သေဆုံးသူတွင် ညာဖက်ရင်အုံနှင့် ညာဘက် မျက်လုံးတစ်လုံး ဖောက်ထွက်သွားကြောင်းသိ၇သည်။ (NN-11) 

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.