တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

DMG သတင်းထောက် ကိုထက်အောင်နှင့် ညစောင့်တို့ကို စစ်တွေအမှတ်(၁)ရဲစခန်းမှ စစ်တွေထောင်သို့​ပြောင်းရွှေ့ပြီး ဒီဇင်ဘာ ၂၂ ရက်သို့ ထပ်မံရုံးချိန်း


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 996

Development Media Group (DMG) သတင်းဌာန၏ သတင်းထောက် ကိုထက်အောင်နှင့် ညစောင့် ကိုစိုးဝင်းအောင်တို့ကို ယခင်က ထိန်းသိမ်းထားသည့် စစ်တွေအမှတ်()ရဲစခန်းမှ စစ်တွေထောင်သို့ပြောင်းရွှေ့လိုက်ပြီဟု သိရသည်။

ဒီဇင်ဘာလ ရက်တွင် စစ်တွေအကျဉ်းထောင်သို့ လွှဲပြောင်းထိန်းသိမ်းလိုက်ကြောင်း ကိုထက်အောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

သူတို့နှစ်ဦးကို အဆိုပါနေ့က စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး လာမည့် ဒီဇင်ဘာလ ၂၂ ရက်သို့ ထပ်မံရုံးချိန်းလိုက်သည်ဟုလည်း ပြောသည်။

ကိုထက်အောင်၏ မိသားစုဝင်တစ်ဦးက "တရားလိုတွေကိုလည်း မစစ်သေးဘူး။ ဒီအတိုင်းပဲ ရုံးပြန်ချိန်းလိုက်တယ်။ အဲ့ဒါလောက်ပဲ။ တရားလိုတွေက ဘယ်သူလဲလို့လည်း မသိရသေးဘူး။ သူက ဓာတ်ပုံရိုက်လို့ဖမ်းခံရတယ် အဲ့လောက်ပဲ။ တရားလိုရောက်၊ မရောက်ကိုလည်း မသိရဘူး။ မိသားစုတွေက အပြင်မှာနေရတာဆိုတော့ သေချာလည်း မသိရဘူး။ ရုံးပြန်ချိန်းတာလောက်ပဲ သိရတယ်"ဟု ပြောသည်။ 

သူတို့နှစ်ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်ကလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့် ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။ 

သတင်းထောက် ကိုထက်အောင်နှင့် ညစောင့် ကိုစိုးဝင်းအောင်တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့်အမှုဖွင့်ထားပြီး မည်သည့်အတွက်ကြောင့် အမှုဖွင့်လှစ်ခြင်းကိုမူ မသိရသေးဟုလည်း မိသားစုဝင်များက ဆိုသည်။ 

သတင်းထောက် ကိုထက်အောင်သည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့) နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဝင်္ကပါကွင်း၌ ပြုလုပ်သည့် ဆွမ်းတော်ကြီး လောင်းပွဲသို့ သတင်းဓာတ်ပုံ သွားရောက်ရိုက်ကူးရာ၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ 

ယင်းနောက်တွင် စစ်တွေမြို့ရှိ DMG ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အထူးရဲတပ်ဖွဲ့(SP)အပါအဝင် အင်အားနှစ်ဆယ်ကျော်ခန့်က ဝင်ရောက်စီးနင်းခဲ့ကာ ရုံးရှိ ကင်မရာ၊ ကွန်ပျူတာနှင့်ရုံးဆက် စပ်ပစ္စည်းများကိုပါ သိမ်းယူခဲ့ပြီး ညစောင့်ဝန်ထမ်းဖြစ်သူ ကိုစိုးဝင်းအောင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ထို့အပြင် DMG ရုံးကိုလည်း စစ်ကောင်စီက ချိတ်ပိတ်သွားခဲ့သည်ဟု ရုံးတာဝန်ရှိသူများက ပြောသည်။ (NN-8)

 

 

ဆက်စပ် သတင်းများ