ရခိုင်ပြည်နယ်၊မင်းပြားမြို့ ကျိန်းတောင်တွင်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်တစ်လုံးသည် ကလေးငယ်များ ဆော့ကစားနေသည့် နေရာတွင် ကျရောက်ပေါက်ကွဲ
သေဆုံးသူမှာ မင်းပြားမြို့၊ဥက္ကာပျံရပ်ကွက်မှ ဦးတင်စိုးနှင့်ဒေါ်လှနုချေတို့၏ သမီး မစံပယ် (၁၃)နှစ်ဖြစ်ပြီး သူမ၏ ဦးခေါင်းကို လက်နက်ကြီးစထိမှန်၍ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း
သေဆုံးသည့်မိန်းကလေးငယ်သည်ရပ်ကွက်တွင်းမှ နောက်ထပ် ကလေး ၆ ဦးတို့နှင့်အတူ ဆော့ကစားနေကြစဥ် ယနေ့ ဒီဇင်ဘာ ၁၀ ရက်၊ ညနေ ၃ နာရီကျော်ခန့်ကမင်းပြားရှိ ခမ၇ ၃၈၀ နှင့် ကျိန်းတောင်ပေါ်ရှိစစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ
"ပစ်တာတော့ ၁၅ မိနစ်လောက်ရှိခဲ့တယ်။ အဲ့လက်နက်ကြီးကျည်က ဆော့ကစားနေတဲ့ကလေးတွေဆီကို ကျသွားတယ်။ တစ်ယောက်သေတယ်။ ကျန်တဲ့ ခြောက်ယောက် ဆေးရုံပို့ထားတယ်"ဟု ပြောသည်။
ထိခိုက်ဒဏ်ရာ၇သွားသည့်ကလေး ၆ ဦးသည်လည်း ဒဏ်ရာပြင်းထန်ကြောင်း ဥက္ကာပျံ ရပ်ကွက်မှဒေသခံတစ်ဦးကပြောသည်။
"သေသွားတဲ့ကလေးမှာခေါင်းမှာဒဏ်
မင်းပြားတွင်၅၄၁ တပ်၊ မယ်တော်တောင်တပ်၊ ကျိန်းတောင်တပ်နှင့် တိုင်းဗဟို (၉)တို့မှ လက်နက်ကြီး/
ပြီးခဲ့သည့်နိုဝင်ဘာ ၁၃ ရက်ကလည်း မင်းပြားမြို့၊ကျိန်းတောင်ဘုရားမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခဲ့မှုမျာ