တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း ၅၅၀တပ်ရင်းမှ လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ နေအိမ်၂လုံး အနည်းငယ်ပျက်စီး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 728

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း ၅၅၀တပ်ရင်းမှ လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍  ကျည်၄လုံးကျရောက်ပေါက်ကွဲကာ နေအိမ် လုံး အနည်းငယ်စီ ပျက်စီးခဲ့သည်ဟု တင်းရရှိသည်။

လက်နက်ကြီးကျည် ပေါက်ကွဲသည့်နေရာများမှာ စံပြရပ်ကွက် ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းရှေ့ တစ်လုံး၊ ပုဏ္ဏားကျွန်းမြို့ လျှပ်စစ်ဖြန့်ဖြူးရေး ပင်မဆောင်ဘေးနားရှိမီးခွဲရုံကွင်းတွင် ၁လုံး၊ ဂူဝဘုရား အနီး ဦးစံထွန်းအိမ်ရှေ့ လုံး၊ စံပြရပ်ကွက် ဌေးအောင်ရှေ့အိမ်ရှေ့ ၁လုံးတွင်အသီးသီး ကျရောက်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၁၀ရက်နေ့ ည၈နာရီခွဲခန့်က ၅၅၀တပ်ရင်းမှ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" မနေ့ကညဖက်ပစ်တယ်။ အလုံး၂၀‌ လောက်ပစ်တာ။ လက်နက်ကျတာက မနက်ကျမှသိရတာပါ။ လူတွေအထိခိုက်မရှိပေမယ့်မြို့ထဲကို ၄လုံးတောင်ကျတာ"ဟု ပြောသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် နေအိမ်နှစ်လုံးတွင် လက်နက်နှစ်လုံးကျခဲ့ပြီး အနည်းငယ်ပျက်စီးသွားသည်ဟု မြို့ခံတစ်ဦးကပြောသည်။

" ပြောမယ်ဆိုရင် မြို့မဈေး မီးလောင်ကတည်း ရွာသားအများစုကထွက်ပြေးနေကြရတာပါ။ နေအိမ်က အများကြီး မပျက်စီးပေမယ့် ဒီလိုအကြောင်းမဲ့ပစ်နေတာက မတရားတာပါ။ နောက်တစ်ကြိမ် မီးလောင်မှာလည်းစိုးရိမ်ရတယ်" ဟုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ရက်နေ့ကလည်းနေ့လယ် နာရီခွဲကျော်ခန့်ကစ၍ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းက ပုဏ္ဏားကျွန်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိဘဲ တစ်နာရီအကြာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင့် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်စေတီတော်မြတ် ရင်ပြင်ပေါ်သို့တက်ရောက်သည့် လှေကားထစ်အနီးတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကပြောသည်။(NN-11) 

ဆက်စပ် သတင်းများ