Preview

ပလက်၀ “နှုံးဘူးဗျူဟာ”ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်လိုက်ပြီ

ဒီဇင်ဘာ ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :4613
ရခိုင် သတင်း

"နှုံးဘူး" ဗျူဟာမှူးအလောင်းအပါအဝင် စစ်ကောင်စီ အလောင်းအချို့၊ လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်း၇မိ

ပလက်၀မြို့နယ်ရှိ နှုံးဘူးဗျူဟာအား ရက္ခိုင့်တပ်တော် ( AA)မှ  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်၇ယူနိုင်ခဲ့ပြီဟု သတင်းထုတ်ပြန်သည်။  

 

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင်  ရက္ခိုင့်တပ်တော် (AA)က သတင်းထုတ်ပြန်ရာတွင်  အဆိုပါနှုံးဘူးဗျူဟာ စခန်းအား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊  "နှုံးဘူး" ဗျူဟာမှူး အလောင်းအပါအဝင် စစ်ကောင်စီ အလောင်းအချို့၊ လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်း၇မိခဲ့ကြောင်း သတင်းထုတ်ပြန်ရာတွင် ဖော်ပြသည်။  

 

ပလက်၀မြို့နယ်အတွင်းရှိစစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသောဗျူဟာကုန်း (၂) ခု ဖြစ်သည့် တရွန်အိုင်ဗျူဟာနှင့်နှုံးဘူးဗျူဟာစခန်းနှစ်ခုစလုံးတို့အား၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၌ ရှေ့ဆင့်နောက်ဆင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး "တရွန်အိုင်ဗျူဟာကုန်းတစ်ခုလုံးအားထိုးစစ် (၂၁) ရက်အကြာ၊ ဒီဇင်ဘာလ (၄) ရက်နေ့၌အပြီးသတ် သိမ်းပိုက် ၇ယူနိုင်ခဲ့ပြီးဖြစ်သည်။



 

နောက်ထပ်အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော နှုံးဘူးဗျူဟာအား ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်တွင် ရက္ခိုင့်တပ်တော်မှအပြီးသတ်သိမ်းပိုက် ၇ယူနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

 

နိုဝင်ဘာလ(၁၄) ရက်၊ နံနက် (၉) နာရီ (၂၅) မိနစ်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုးစစ် (၂ရ) ရက်မြောက် အကြာမှဗျူဟာကုန်းတစ်ခုလုံးအား သိမ်းပိုက်၇ယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

ရန်သူသည်မိမိတို့၏ တစ်ရက်မျှရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊လေကြောင်းပစ်ကူ အမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်းမိမိတို့မှ ၎င်းဗျူဟာကုန်းစခန်းအား မရ၇အောင် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက်၇ယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင်တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။


 ပလက်၀မြို့နယ်အတွင်းအခိုင်အမာ စခန်းချကာ ပြည်သူလူထုအား နှစ်ရှည်လများ ဒုက္ခပေးနေခဲ့သောနှုံးဘူးဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာ၊သွေး၊ ချွေးများစွာ ရင်းနှီး ပေးဆပ်ခဲ့ရသည့်အာရက္ခ စစ်သည်တော်များနှင့်ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များအားလုံးကို လေးနက်စွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်ဟုလည်း  ရက္ခိုင့်တပ်တော်သတင်းနှင့်ပြန်ကြားရေးမှ ဖော်ပြထားသည်။



မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.