Preview

ပုဏ္ဏားကျွန်း စပါးထားရွာကို ပါဒလိတ်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ညီအစ်မကလေးငယ် ၂ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၁၂/ ၂၀၂၃ | ကြည့်ရှုသူ :1319
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊စပါးထားရွာကို ပါဒလိတ် အကြမ်းဖက်စစ်ကောင်စီတပ်ရင်းမှလက်နက်ကြီးဖြင့် တမင်ရည်ရွယ်ချက်ချက်ရှိရှိပစ်ခတ်မှုကြောင့်ညီအစ်မကလေးငယ် ၂ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ၁၂ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က ပါဒလိတ် စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် လက်နက်ကြီးကျည် တစ်လုံးမှာ ကျေးရွာအတွင်းရှိ ဦးခင်မောင်သန်းနေအိမ်ရှေ့တွင် ကျရောက် ပေါက်ကွဲခဲ့ရာ ၎င်း၏ သမီးနှစ်ဦးဖြစ်ကြသည့် အသက် ၁၂ နှစ်အရွယ်၅ တန်းကျောင်းသူ မအေးအေးခိုင်နှင့်  အသက် ၆နှစ်အရွယ် Kg ကျောင်းသူ မအေးမြတ်နွယ်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိ၇သည်။

ပုဏ္ဏားကျွန်းမြို့နယ်မှလူမှုရေးလှုပ်ရှားသူတစ်ဦးက"  လက်နက်ကြီးကျည် သုံးလုံးလောက် ရွာနား ပတ်ဝန်းကျင်မှာကျတယ်။ စစ်တွေ ပါဒလိတ် တပ်ရင်းနားကလှမ်းပစ်တာနေတာ။တစ်လုံးက ရွာထဲကဦးခင်မောင်သန်း နေအိမ်မှာက ပေါက်ကွဲပြီးကလေးနှစ်ယောက် ကျည်စထိမှန်ဒဏ်ရာရတယ် "ဟု  နိရဉ္စရာ သတင်းဌာနကို ပြောသည်။

၎င်းကလေးနှစ်ဦးသည် အိမ်တွင် ဖုန်းကြည့်နေစဉ် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး  အစ်မဖြစ်သူမအေးအေးခိုင်မှာလက်မောင်းတွင် ဒဏ်ရာရရှိကာ ပြင်းထန်ကြောင်း၊ ညီမဖြစ်သူ မအေးမြတ်နွယ်တွင် မျက်ခမ်းအောက်နှင့်ပေါင်တွင် ဒဏ်ရာ အနည်းငယ် ရရှိသွားသည်ဟု အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက ပြောသည်။

“ အခုလက်ရှိကရေလမ်း၊ကုန်းလမ်းတွေကို စစ်တပ်က ပိတ်ဆို့ထားတော့ စစ်တွေဆေးရုံကြီး ကလေးတွေကို ပို့ဆောင်လို့မရဘူး။ မသင်္ကာရင် ပို့တဲ့လူတွေတောင် အဖမ်းခံရနိုင်တယ်။ ဒါကြောင့်ရပ်ရွာဆေးဆရာတစ်ဦးနဲ့ ကုသနေရတယ်။ ကျည်စက ထုတ်လို့ မရသေးဘူး။ စိုးရိမ်စရာတော့ ရှိပါတယ်”ဟု ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးခင်မောင်သန်း၏ သွပ်မိုးထရံကာအိမ်မှာအနည်းငယ် ပျက်စီးသွားခဲ့သည်ဟု သိ၇သည်။

ပါဒလိတ်တပ်ရင်းမှ ယနေ့ည ၈ နာရီခန့်က စပါးထားရွာသို့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးကျည် ၁၀ လုံးထက် မနည်းပစ်ခတ်ခဲ့ပြီး အဆိုပါတပ်ရင်းသည်နေ့စဉ်နေ့တိုင်း လူနေကျေးရွာများသို့ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသည်မှာ ကြာနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင် တိုက်ပွဲတိုင်းတွင် အရှုံးဖြင့်ရင်ဆိုင်နေရသည့်အကြမ်းဖက်စစ်ကောင်စီတပ်သည်ရက္ခိုင့်တပ်တော်ကို တိုက်မနိုင်ရာမှ လက်တုံ့ပြန်သည့် အနေဖြင့် အပြစ်မဲ့ ရခိုင်အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှုများကို နေ့စဉ် ရက်ဆက် ပြုလုပ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ယနေ့ဒီဇင်ဘာလ (၁၂) ရက်နေ့တွင်  ၇ခိုင်က မြို့နယ် ၆ ခုဖြစ်သည့်  ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊မြောက်ဦး၊ အမ်း၊ မြေပုံ မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းတချို့သည်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အရပ်ဘက် လူနေကျေးရွာများကိုပစ်ခတ်တိုက်ခိုက်နေပြီး  လေကြောင်းနှင့် ရေကြောင်းကလည်း လူနေအိမ်များကိုလက်နက်ကြီး၊ ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်လျက်ရှိနေသည်ဟု အေအေ၏ ထုတ်ပြန်သည့်သတင်းတွင် ဖော်ပြသည်။ (NN-11) 

ပုံစာ- လက်နက်ကြီးကျည်စထိမှန်သွားသည့် အစ်မဖြစ်သူ မအေးအေးခိုင်( နိရဉ္စရာ)

#ပုဏ္ဏားကျွန်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.