Preview

ရခိုင်ပြည်နယ် အတွင်းပိုင်း မြို့နယ်နှစ်ခုတွင် AA နှင့် စစ်ကောင်စီထိတွေ့တိုက်ပွဲဖြစ်ပွား

ဒီဇင်ဘာ ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :6813
ရခိုင် သတင်း

ရခိုင်ပြည်နယ်ကမြို့နယ်နှစ်ခုတွင် ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတို့ထိတွေ့တိုက်ပွဲဖြစ်လျက် ရှိသည်ဟုသတင်းရရှိသည်။

မြေပုံမြို့နယ်၊ စညှင်း၀အနီးတွင် ယနေ့ဒီဇင်ဘာ ၁၃နံနက်၁၀နာရီခွဲခန့်ကရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု မြေပုံမြို့နယ်မှဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ဒီမနက်က တိုက်ပွဲအပြန်အလှန်ပစ်သံတွေ။ လက်နက်ပစ်သံတွေကြားရပါတယ်။ ပြင်းထန်တဲ့ အနေထားရှိတယ်" ဟုပြောသည်။

ယင်းအပြင်ယမန်နေ့ဒီဇင်ဘာ ၁၂ရက်ညနေ၆နာမှစ၍ စစ်ကောင်စီ အနောက်ပိုင်းတိုင်း တည်ရှိရာအမ်းမြို့နယ်ကဇူးကိုင်း အနီး တွင် လည်းတိုက်ပွဲအချိန် ကြာမြင့်စွာဖြစ်ပွားခဲ့သည်ဟုအမ်းဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကို ပြောသည်။

" မနေ့ကညနေလောက်ကတည်းက ဖြစ်နေတာတောက်လျှောက်။ အချိန်တော်တော်ကြာတယ်။ နာရီနဲ့ချီပြီး ကြာခဲ့တာ။ ဒေသခံတွေက အရင်ကနေတိုက်ပွဲရှောင်နေကြတာရှိတယ်။ ဒီနေ့မနက်တော့ အသံမကြားမိဘူး" ဟုပြောသည်။

 

၎င်းပြင် ချင်းပြည်နယ်၊ ပလက်၀မြို့နယ် အထက်ပိုင်း  ချင်းလက်၀စခန်းကိုလည်း အေအေက တိုက်ခိုက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။( NN-11)

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.