Preview

စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမ်းမြို့နယ်တွင် လယ်သမားတစ်ဦးဒဏ်ရာရ

ဒီဇင်ဘာ ၁၃/ ၂၀၂၃ | ကြည့်ရှုသူ :1407
ရခိုင် သတင်း

ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လယ်ကွင်းတွင် စပါးတလင်းသိမ်းနေသည့် လယ်သမားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟုသတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ အမ်းမြို့နယ်၊ ကဇုကိုင်းတိုက်နယ်၊ ဒါးလက် အုပ်စု၊ အထက်ရွာဟောင်းကျေးရွာမှ  ဦးမောင်ကြီး (၅၃နှစ်) (ဖ) ဦးပျော့ကြီး(မိ) ဒေါ်မကျိတ် ရခိုင်လူမျိုးဖြစ်ကြောင်းသိ၇သည်။ 

၎င်းလက်နက်ကြီးကို အမ်းမြို့နယ်၊ ကဇုကိုင်းအနီးရှိ တောဟိန်းတောင်ထက်တွင်အခြေချထားသည့် စစ်ကောင်စီတပ်ကပစ်ခတ်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စမှာ ဦးမောင်ကြီး၏ ဘယ်ဘက်လက်ကောက်ဝတ်အဆစ်အောက်  (၂)လက်မအကွာ တွင် လက်နက်ကြီးအစဝင်ပြီး အကြောများ ပြတ်ထွက်သွားကြောင်း၎င်းက ပြောကြားသည်။

အမ်းမြို့နယ် ကဇုကိုင်းကျေးရွာ အနီးဝန်းကျင်တွင် ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိ၇သည်။

#လက်နက်ကြီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.