Khit Thit Media ၊DVB၊NUG Pageများမှ သတင်းများအားFacebook Messanger မှတဆင့် သတင်းများဖြန့်ဝေသည်ဟု စွပ်စွဲကာ ဂွမြို့နယ်၊ကျိန္တလီမြို့မှ လူငယ်တစ်ဦးကိုစစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံ၇သူမှာ ကျိန္တလီမြို့၊ အမှတ်(၂)ရပ်ကွက်၊ကိန္နရီလမ်း တွင်နေထိုင် သော ကျော်စွာစိုး(ခ)အာနိုး (၃၅)နှစ် (ဘ)ဦးခင်
NUG/CRPH/PDF အဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ကြောင်းစစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု ဆိုကာ ကျော်စွာစိုးအား အရေးယူပေးပါရန်စစ်တပ်က တရားလိုပြုလုပ်တိုင်တန်းသဖြင့်၂၀၂၃ ဒီဇင်ဘာ ၁၂ ညနေ ၅း၃၀ အချိန်တွင် (ကျိန္တလီ)(ပ)၄၀/၂၀၂၃၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အမှုရေးဖွင့်ဆောင်ရွက်ထားသည်။
ဒေသခံတစ်ဦးက “ သူကငါးခြောက်ရောင်းဝယ်လုပ်နေသူပါ။ ခုလိုမျိုး ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေသူတစ်ဦးကိုစွပ်စွဲဖမ်းဆီးခံရတဲ့ သတင်းကို ကြားရတော့ အထူးစိတ်မကောင်း ဖြစ်၇ပါတယ်”ဟု ပြောကြားသည်။
ကျော်စွာစိုး(ခ)အာနိုးအား သတင်းအ၇၂၀၂၃ ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဂွမြို့ အခြေစိုက်ခမ၇(၅၆၆) သို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးစစ်ဆေးမေးမြန်းခဲ့ပြီးနောက် အမှုဖွင့်တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သိ၇သည်။