တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေ ကိုးရီးယားဆိပ်ကမ်းမှ အရပ်သားပြည်သူစုစုပေါင်း (၅၃) ယောက်ကို ပြန်လွှတ်မပေးသေး၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

စစ်တွေကိုးရီယားဆိပ်ကမ်းမှ ဖမ်းဆီးထားသူ စက်လှေ၊သမ္ဗာန်လှေများအပါအဝင်လူပေါင်း ၅၃ ဦးအား ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းက ပြန်လွှတ်ပေးမည်ဟု တရားရုံးက ပြောဆိုပြီး ပြန်လွှတ်မပေးသေးသဖြင့် မိသားစုများ စိုးရိမ်နေကြပြီး သူတို့ အမြန်လွှတ်မြောက်လာရန် စောင့်မျှော်နေကြသည်ဟု သတင်းရရှိသည်။  

 ၎င်းတို့အား ဒီဇင်ဘာ ၁၂ ရက် တစ်ရက်တည်းတွင်ပင် စစ်တွေမြို့၊ BXT ကိုးရီးယားဆိပ်ကမ်း၌ ရပ်နားထားသော စက်လှေ၊ သမ္ဗာန်လှေများမှ လုပ်သားများ အပါအဝင် အမျိုးသမီး၊ အမျိုးသားများပါဝင်သော အရပ်သားပြည်သူစုစုပေါင်း () ယောက်ကို အဓမ္မဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ဆိုသည်။



ဖမ်းဆီးခံရသည့် အထဲတွင် ကျောင်းပိတ်၍ နေရပ်ပြန်သည့် အထက်တန်း ကျောင်းသားတချို့ နှင့် ကွမ်းယာရောင်းနေသည့်အမျိုးသမီးတချို့လည်း ပါဝင်သည်ဟု ဆိုသည်။

၎င်းတို့အား ဒီဇင်ဘာ ၁၃ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ခံဝန်လက်မှတ်နှင့် ပြန်လွှတ်ပေးမည်ဆိုသော်လည်း စစ်ဆေးနေဆဲဖြစ်၍ ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းထိ လွှတ်မြောက်လာခြင်း မရှိသေးကြောင်း ရခိုင်လူ့အခွင့်အရေးလှုပ်ရှားနေသူ တစ်ဦးကပြောသည်။

၎င်းတို့အား ဖမ်းဆီးခြင်းမှာ ပေါက်တောမြို့နယ်ဘက်သို့ လူနှင့် ရိက္ခာများ ပို့ဆောင်သည်ဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

ဆက်စပ် သတင်းများ