ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် လက်နက်ကြီကျည်ကျရောက်ပေါက်ကွဲ၍ ၄ ဦးဒဏ်ရာရရှိပြီး နှလုံးရောဂါအခံရှိသည့်အမျိုးသမီးတစ်ဦးသေဆုံး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ၍ ဒေသခံ ၄ ဦးဒဏ်ရာရရှိပြီး နှလုံးရောဂါအခံရှိသည့် အမျိုးသမီး ၁ဦး ကြောက်လန့် သေဆုံးသွားသည်ဟု သတင်းရရှိသည်။

ကမ်းထောင်းကြီးမြို့တွင် ယမန်နေ့ ည ၇နာရီခွဲခန့်က အမ်းမြို့နယ် ကဇုကိုင်းတောင်ဖက်မှ စစ်တပ်က လှမ်းပစ်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး  ‌ကျည်စထိမှန်၍  အမျိုးသမီး၂  ဦးနှင့် အမျိုးသား၂ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကမ်းထောင်ကြီးမြို့မှ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" လက်နက်ကြီးကကဇူးကိုင်းတောင်ထက်က ည၇နာရီခွဲလောက်ကတည်းကပစ်နေတာ။ ၁ဝမိနစ် လောက်အကြာမှာ မြို့ထဲကျပြီးဒဏ်ရာ ၄ယောက်ရတယ်။ ယောက်ျား‌ လေးတစ်ယောက်မှာ ခြေထောက်ကို ဖောက်သွားတဲ့ကျည်စ။တစ်ခြားလူ‌တွေကတော့ဒဏ်ရာသိပ်မပြင်းဘူး။ တစ်ညလုံး မအိပ်ရဲပါဘူး" ဟုပြောသည်။

 

ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်မှ အသက် ၄၀ ကျော်အရွယ်‌ ကျောင်းဆရာမ ဒေါ်ခင်ခင်သန်း လက်တွင်ကျည်စ ထိမှန် ဒဏ်ရာရပြီး အသက် ၃၈နှစ်အရွယ် ဒေါ်လင်းလင်းဆွေတွင်ကျောကုန်းတွင် ဒဏ်ရာရရှိကာ လူငယ်အရွယ် မောင် ၏အာကျယ်တွင်တင်ပါးတွင်ထိမှန်ပြီး၊ မောင်သရက်တောင် (ရွာခေါ်အမည်)တွင် ခြေထောက်တွင် ထိမှန်ခဲ့ကြောင်းသိရသည်။

လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုကြောင့် ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက်မှ နှလုံးရောဂါအခံရှိ အသက်၆၃အရွယ်‌ ဒေါ်မေရီမြသည် ကြောက်လန့် သေဆုံးသွားခဲ့သည်ဟု  ကမ်းထောင်းကြီး မြို့ခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

" သူကနှလုံးရောဂါအခံရှိတယ်။ အမ်းမှာတိုက်ပွဲဖြစ်ကတည်းက လက်နက်ကြီး ပစ်သံတွေ ကြားရတယ်။ မြေပုံဖက်ကို စစ်တပ်က ခဏခဏပစ်တယ်။ ဒါကြောင့်ရောဂါအခံရှိတဲ့ အဘွား သေသွားခဲ့ရပါတယ်" ဟုပြောသည်။

ယင်းအပြင်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် တောင်ပိုင်းရပ်ကွက် သင်္ဘောဆိပ်ရှိ မူလွန် စာသင်ကျောင်း မှန်ပြတင်းများလည်း ပျက်စီးသွားခဲ့သည်ဟုဒေသခံများကပြောသည်။

အမ်းမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်လျက်ရှိနေပြီး စစ်တပ်က လူနေရွာများကို တမင်လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း  ဒေသခံများကပြောသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက်  ၁၁ နာရီအချိန်ခန့်တွင် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော ကဇုကိုင်း “တောဟိန်းတောင်တပ်စခန်း” မှ အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ တမင်တကာပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့သဖြင့် အမ်းမြို့နယ်၊ ဒါးလက် ချောင်းအုပ်စု၊ အထက်ရွာဟောင်းကျေးရွာမှ အသက် (၅၄) နှစ်အရွယ် အမျိုးသား (၁) ဦးအား လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလ (၁) လတာအတွင်း အပြစ်မဲ့ပြည်သူ ၃ဝ ကျော်အထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော် ရှိလာကြောင်းသိရသည်။(NN-11) 

ဆက်စပ် သတင်းများ