စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

မြေပုံတွင် မိုင်းနင်းမိ၍ အမျိုးသား ၂ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 845

ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်တွင် မိုင်းနင်းမိ၍ အမျိုးသား ၂ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။

မြေပုံမြို့နယ်၊ယိုး‌ ချောင်းတွင် ပြီးခဲ့သည့်ဒီဇင်ဘာ၁၈ရက်နေ့က မိုင်းနင်းမိ၍ အမျိုးသား ၂ဦး ဒဏ်ရာရရှိပြီး ၁ဦးတွင်ခြေထောက်ပြတ်သွားပြီး နောက်တစ်ဦးတွင် မျက်နှာတွင် ဒဏ်ရာ ရရှိသွားသည်ဟု မြေပုံဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" ကျနော်က မိုင်းနင်းလို့ဒဏ်ရာရတဲ့လူတွေကိုအတည်ပြုလို့ရတယ်။ ဒါပေမယ့် သူတို့ကဖြစ်စဉ်တော့ အတိကျမသိရ‌ သေးဘူးပေါ့နော်။ ဘယ်လို မိုင်းနင်းမိတယ်ဆိုတာ" ဟုပြောသည်။

ခြေထောက်ပြတ်သူမှာ  မြေပုံမြို့နယ် ဝက်ရူးရွာမှအသက် ၅၀အရွယ်ဦးစိုးမောင်ဖြစ်ပြီး မျက်နှာဒဏ်ရာရသူမှာ အသက်၄၀အရွယ်မောင်မြင့်သန်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်လူနာကိုမြေပုံမြို့နယ်  ကမ်းထောင်းကြီးဆေးရုံသို့ဆေးကုသမှုခံယူရန်ပို့ဆောင်ထားကြောင်း မြေပုံဒေသခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

" မနေ့ကတည်းကဆေးရုံပို့လိုက်ပါတယ်။ကမ်းထောင်းကြီးဆေးရုံကို" ဟုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ရက်နေ့ကလည်းမင်းပြားမြို့၊‌ ဈေးဟောင်းပိုင်းရပ်ကွက်မြို့မ ရဲစခန်း ခြံစည်းရိုးတွင် ထောင်ထားခဲ့သည့်မြေမြှုပ်မိုင်းအားနင်းမိ၍ အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်သွားပြီးတစ်ဖက်ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။(NN-11)

ဆက်စပ် သတင်းများ