တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေ BXT ကိုးရီးယားဆိပ်ကမ်းတွင် အရပ်သား ၁၇ ဦး ထပ်မံဖမ်းဆီးခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

(၁၀ရက်အတွင်း လူ ၇၀နီးပါးဖမ်းဆီးခံရ)

စစ်တွေမြို့၊ BXT ကိုးရီးယားဆိပ်ကမ်းတွင် ယနေ့ ဒီဇင်ဘာ ၂၁ရက် ညနေ ၄နာရီခွဲခန့်က ဒေသခံ အရပ်သား ၁၇ ဦးကို ရဲက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရရာတွင် သမ္ဗန ၁ စီး၊ စက်တပ်လှေ ၃စီးမှ လူ ၂ နီးပါး ပါဝင်သည်ဟု စစ်တွေမြို့ခံ မျက်မြင်တစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" ဒီ‌နေ့ ကိုးရီးယားဆိပ်ကမ်းက သမ္ဗန ၁စီးနဲ့ လှေ၃စီးပေါ်ကနေ လူ အယောက်၂၀လောက်ကို နေဗီက  ဖမ်းသွားတာ တွေ့လိုက်တယ် သူတို့က ခရီးသွားမလို့ လှေပေါ်ထိုင်နေစဉ် ရဲက လာဖမ်းသွားတာကပါ။ ရေတပ်နေဗီကနေ ဖမ်းခိုင်းတယ်လို့ သိရပါတယ် " ဟုပြောသည်။

ဖမ်းဆီးခံရသူများ အထဲတွင် အမျိုးသမီး၈ဦးနှင့် အမျိုးသား ၉ဦး ပါဝင်ကြောင်းသိရသည်။

အမျိုးသား  ဦးနှင့် အမျိုးသမီး ၂ဦးကို ထောင်ကားဖြင့် စစ်တွေထောင်ကို ယူဆောင်သွားပြီး အမျိုးသမီး ၆ ဦးမှာ သတင်းအစအနမရဘဲ ဖြစ်နေသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကနိရဉ္စရာ သတင်းဌာနကို ပြောသည်။

ယောက်ျားလေး ယောက်နဲ့ မိန်းကလေး၂‌ယောက်ကို ထောင်ကားနဲ့ယူသွားတယ်။ မိန်းကလေး ယောက်ကို ဘယ်ကိုယူသွားမှန်းမသိဘူး။ ရေတပ်ကို ယူသွားရင်တော့ မိန်းကလေးတွေတွက် ပိုပြီး စိုးရိမ်ရတယ်" ဟုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ရက်နေ့ကလည်းစစ်တွေမြို့၊ BXT ကိုရီးယားဆိပ်ကမ်းတွင် ဖမ်းဆီးခံခဲ့ရသည့် လူပေါင်း (၅၃) ဦးအထဲမှ ကျောင်းသား ၂ ဦးနှင့် ကျောင်းဆရာမ ၂ဦးကို ပြန်လွှတ်ပေးပြီး ကျန်လူ (၄၉) ဦးကို  ပုဒ်မ ၆(၁)ဖြင့် တရားစွဲဆိုလိုက်သည်ဟုသိရသည်။(NN-11) 

ပုံစာ- စစ်တွေမြို့၊ BXT ကိုးရီးယားဆိပ်ကမ်း

ဆက်စပ် သတင်းများ