Preview

ကျောက်ဖြူ သစ်ပုတ်တောင် ဓည၀တီရေတပ်အနီးတိုက်ပွဲဖြစ်ပွား

ဒီဇင်ဘာ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :5110
ရခိုင် သတင်း

၇ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင် ဓည၀တီ ရေတပ်စခန်းအနီးတွင် ယနေ့နံနက်က ိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ ၂၂ရက် နံနက် ၉နာရီကျော်ခန့်က ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဒေသခံတစ်ဦးက နိရဉ္စစရာသတင်းဌာနကိုပြောသည်။

" အပြန်အလှန်ပစ်ခတ်သံကြား၇တယ်။၉နာရီကျော်လောက်ကကြား၇တာ။ခုခဏရပ်နေတယ်"ဟု နံနက် ၁၀နာရီခန့်က ပြောသည်။

သစ်ပုတ်တောင်ရေတပ်စခန်းမှ ထွက်လာသည့်စစ်ကားတစ်စီးကို ယနေ့ဒီဇင်ဘာ နံနက် ၉ နာရီကျော်ခန့်က ရက္ခိုင့်တပ်တော်မှအာရ်ပီဂျီနှင့် လှမ်းပစ်ပြီးနောက် ိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက နိရဉ္စရာကိုပြောသည်။

" ရေတပ်ကထွက်လာတဲ့စစ်ကောင်စီကားတစ်စီးကို ကိုယ့်တပ်တော်ဖက်က အာရ်ပီဂျီနဲ့ ှမ်းပစ်ခဲ့တယ်။အထိခိုက်တော့ရှိပေမယ့်အတိကျမသိ၇သေးဘူး"ဟုပြောသည်။

သို့သော်လည်း ကျောက်ဖြူဒေသခံလူငယ်တစ်ဦးကမူ  ဓည၀တီရေတပ်စခန်းက ထွက်လာသည့်ကားကိုမိုင်းခွဲတိုက်ခိုက်သည်ဟု ကြားသိ၇ကြောင်း ပြောသည်။

" မနက် ၉ နာရီလောက်မှာရေတပ်ဌာနချုပ်အ၀နားမှာ စစ်ကားနှစ်စီးကို AA ကမိုင်းဆွဲတယ်။ ကားကအကြီးတစ်စီး၊အငယ်တစ်စီးမှာ တစ်စီးကိုထိလို့ စုတ်ပြတ်သတ်သွားတယ်လို့ကြားပါတယ်"

အဆိုပါ စစ်ကောင်စီယာဥ်တန်းထဲတွင် စစ်ကောင်စီအရာရှိကြီးတစ်ဦးလည်းပါဝင်ပြီး ထိခိုက် သေဆုံးဒဏ်ရာရမှု အခြေအနေများကို မသိရှိ၇သေးဟု ၎င်းက ပြောဆိုသည်။

ယနေ့နံနက် ၉ နာရီကျော်က ဓည၀တီရေတပ်စခန်းအနီးတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ကို အတည်ပြုနိုင်သော်လည်း စတင်ဖြစ်ပွားရသည့် အကြောင်းအရင်းကို နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာသည် စစ်ကောင်စီ၏ ၇ခိုင်ပြည်နယ်တွင်အခြေစိုက်ထားသည့် အကြီးဆုံး ဓည၀တီရေတပ်စခန်းအနီးတွင် ဖြစ်ပြီး အဆိုပါနေရာမှ မနီးမဝေးရှိ မဒေးကျွန်းတွင် တရုတ်စီမံကိန်းများတည်ရှိသည်ဟုသိ၇သည်။

ပြီးခဲ့သည်ဒီဇင်ဘာ၂၀ရက် ညကလည်းကျောက်ဖြူမြို့ရှိခမ၇ ၅၄၂ ဗျူဟာကုန်း၊ ငလပွေ့ရပ်ကွက်တွင်လုံခြုံရေး ယူထားသည့် စစ်ကောင်စီတပ်၊အစိုး၇နည်းပညာကောလိပ် GTC တောင်ကုန်းပေါ်မှစစ်ကောင်စီတပ်တို့မှ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသိ၇သည်။(NN-11andNN-23 ) 

ပုံစာ- သစ်ပုတ်တောင် ဓည၀တီရေတပ်အား တွေ့၇စဉ်)

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.