Preview

သံတွဲမြို့နယ်မှ ဒေသခံတစ်ဦးကို စစ်ကောင်စီကဖမ်းဆီး

ဒီဇင်ဘာ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :1745
ရခိုင် သတင်း

သံတွဲမြို့နယ်၊ကင်းမော်ကျေးရွာကို ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၄နာရီခန့်တွင်စစ်ကားတစ်စီးဖြင့် စစ်ကောင်စီ ၂၀ ခန့်ကဝင်ရောက်လာပြီးရွာသားတစ်ဦးကိုဖမ်းဆီးသွားကြောင်း သိ၇သည်။

ဖမ်းဆီးခံ၇သူမှာအသက် ၄၀ ကျော်အရွယ် ဦးနာနီဖြစ်ကြောင်းသိ၇သည်။

စစ်ကောင်စီများသည်ထိုရွာမှအုပ်ချုပ်ရေးမှူးနှင့် ရွားသားတစ်ဦးအား ဦးနာနီအိမ်သို့ လမ်းပြခိုင်းပြီးနောက်သူ့အိမ်သို့ရောက်သောအခါ သေနတ်နဲ့ ချိန်ပြီး ဖမ်းဆီးခေါ်ဆောငသွားကြောင်းဒေသခံတစ်ဦးကနိ၇ဉ္စရာကိုပြောသည်။

" အုပ်ချုပ်ရေးမှူးနဲ့ရွာသားတစ်ဦးကို လမ်းပြခိုင်းတာ။ သူ့အိမ်ကိုရောက်တာနဲ့ စစ်ကောင်စီနှစ်ယောက်၊ သုံးယောက်က ဝိုင်းပြီး သေနတ်နဲ့လည်း တည့်ချိန်ထားပြီးဖမ်းသွားတာ။ဘာကြောင့်ဖမ်းလေတော့မသိဘူး။ရိုက်ပုတ်တာတော့ မတွေ့ဘူး " ဟုပြောသည်

ဦးနာနီသည်သူ့မိသားစုနှင့်အတူ ကျပန်းအလုပ်ကို လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်ကြောင်း သိ၇သည်။

၎င်းကိုငပလီမြို့ အမှတ် (၅၅) ခြေမြန်တပ်ရင်းသို့ဖမ်းဆီးခေါ်ဆောင်းသွားပြီးလက်ရှိအချိန်အထိ မိသားစုများနှင့် အဆက်အသွယ် မရရှိသေးကြောင်း သိ၇သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကို် မေးမြန်းနိုင်ခြင်း မရှိ၍ ဖမ်းဆီးရသည့် အဓိက အကြောင်းအရင်းကို သိရှိနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီများသည်ထိုရွာသို့ မကြာခဏ စစ်ကြောင်းဝင်ရောက်လေ့ရှိသည့်အတွက်ကြောင့် ရွာသားများမှာကြောက်လန့်စိုးရိမ်မှုများလည်းရှိနေသည်ဟု ရွာသားများကပြောသည်။

 (NN-13)

#ဖမ်းဆီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.