၇ခိုင်ပြည်နယ်၊ကျောက်ဖြူမြို့
သစ်ပုတ်တောင် ဓည၀တီရေတပ်စခန်းအနီးတွင် တည်ရှိသည့် ရှောက်ချောင်းကျေးရွာ အနီးဝန်းကျင်တွင် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် နံနက် ၉နာရီကျော်
ရှောက်ချောင်းဒေသခံအမျိုးသမီး
၎င်းနောက်တွင် ရှောက်ချောင်းကျေးရွာသားများသည် စိုးရိမ်ထိတ်လန့်ပြီးရွာကို စွန့်ခွာကာ ထွက်ပြေးခဲ့ကြသည်ဟု ဆိုသည်။
နောက်ထပ်အမျိုးသမီးတစ်ယောက်က" သေနတ်ပစ်သံတွေကိုကြား၇တော့ သွေးနုသားနုနဲ့ ကျမညီမ တစ်ယောက် ဆိုရင်အရမ်းကြောက်သွားတာ။ အဲ့လိုအသံတွေ
၎င်းကျေးရွာသားများသည် ယနေ့နံနက်အချိန်ထိ ရွာကို မပြန်ဘဲတစ်ခြားရွာများတွင် ခိုလှုံနေ၇ဆဲဟု ဆိုသည်။
ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် နံနက် (၉) နာရီအချိန်ခန့်တွင် ကျောက်ဖြူမြိုနယ်ရှိ ဓည၀တီရေတပ် စခန်းအနီး၌ စစ်ကောင်စီစစ်ကြောင်း တစ်ခုမှ ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာနယ်မြေသို့ ရုတ်ချည်း စစ်ကျွံလာ၍ စစ်ရေးထိပ်တိုက်အခြေအနေကြောင့် ထိတွေ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရက္ခိုင့်တပ်တော်က အာရ်ပီဂျီနှင့် ကားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးကားတစ်စီး ထိမှန်ကာ စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည်။
သို့သော်လည်း အဆိုပါ အကျအဆုံးများနှင့် ပတ်သက်ပြီး နှစ်ဖက်တပ်ဖွဲ့များမှတစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသဖြင့် ထိခိုက်ကျဆုံးစာရင်းအတိအကျကိုတော့ ဖော်ပြနိုင်ခြင်းမရှိပါ။
အဆိုပါရှောက်ချောင်းကျေးရွာသည် အိမ်ခြေ၁၀၀ရှိပြီး လူဦးရေ၃၀၀ကျော်ခန့်ရှိကာ စိုက်ပျိုးရေးနှင့် နွား၊ ဝက် မွေးမြူရေး လုပ်ငန်းများကိုလုပ်ကိုင်ကြကြောင်း သိ၇သည်။(NN-11)