Preview

ကျောက်ဖြူမြို့နယ် စနဲမြို့အနီးတိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာရ

ဒီဇင်ဘာ ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :3065
ရခိုင် သတင်း

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

၎င်းတိုက်ပွဲသည် ဒီဇင်ဘာလ (၂၃) ရက် နံနက် ၁၀နာရီခွဲခန့် ၌ကျောက်ဖြူမြို့နယ်၊ စနဲမြို့မြောက်ဘက် မီတာ (၁၃၀၀) ခန့် အကွာအဝေး (တစ်နည်း)စနဲမြို့နှင့် အ၀တောင်ကျေးရွာကြားတွင် ဖြစ်ပွားခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  ရက္ခိုင့်တပ်တော် (AA) ရှိရာနေရာသို့ ဒီဇင်ဘာလ (၂၃) ရက်၊ နံနက် (၁၀)နာရီ (၃၀) မိနစ်တွင်ဝင်ရောက်လာသောကြောင့် မိနစ်အနည်းငယ်ကြာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီ ဘက်မှ (၄) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 

ဒီဇင်ဘာလ (၂၃) ရက်နေ့၊နံနက် (၁၀) နာရီခန့်တွင် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၈) တောင်မော်ဦး ရေတပ်စခန်း ဘက်မှလည်း အနီးအနားရှိ ကျေးရွာများအားလက်နက်ကြီး၊ ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိ၇သည်။

၎င်းပြင် ပလက်၀မြို့နယ်၊ အိန္ဒိယနယ်စပ် BP-9 မြိတ်၀ရွာ၏ တောင်ဘက် (၅) ကီလိုမီတာအကွာ (တနည်း) နယ်စပ်မှတ်တိုင် BP-5 ၏ အရှေ့ဘက် ၄.၄၅ ကီလိုမီတာအကွာ အဝေးတွင်ရှိသည့် ပွိင့် (၃ရရ) စခန်းအား အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ရန်အတွက် ထပ်မံကြိုးပမ်းလျက် တိုက်ခိုက်လျက်ရှိသည်ဟုသိ၇သည်။

ရခိုင်တိုက်ပွဲများသည် တစ်ဖြည်းဖြည်းကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာနေပြီးလက်ရှိ ရမ်းဗြဲကျွန်းပေါ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားလာခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲသတင်းများကို  ညီနောင်သုံးဖွဲ့၏ ဒီဇင်ဘာလ (၂၃) ရက်နေ့၊ ည (၁၂:၀၀)အချိန်တွင် ထုတ်ပြန်သည့်    “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၅၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများအထဲတွင်  ဖော်ပြထားသည်။  (Photo by CDMM)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.