တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦး သူတော်မတောင်စခန်းကုန်း AA သိမ်းပိုက်၊ စစ်ကောင်စီတပ်သားအလောင်းများရရှိ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 17k

ဒီဇင်ဘာ ၂၄ ရက် နံနက် ၄ နာရီခန့်က ရက္ခိုင့်တပ်တော် ( AA) က တိုက်ခိုက်ခဲ့သည့် ငွေတောင်ပေါက် မြို့မရဲစခန်းနှင့် သူတော်မတောင် စခန်းအား ထိုးစစ်ဆင်စစ်တိုက်ခိုက်ခဲ့ရာ သူတော်မတော်စခန်းအား ၂၅ ရက်နေ့တိုက်ခိုက်မှုအတွင်း သိမ်းပိုက်ရရှိခဲ့ပြီး အလောင်းတချို့နှင့် လက်နက်များ သိမ်းဆည်းမိသည်ဟု သိရသည်။

ကျန်စစ်ကောင်စီတပ်သားများမှာ ကျောက်ရာဇ်ကေကျေးရွာဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြသည်ဟု အေအေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

"သူတော်မတောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်သားအလောင်းတွေရထားတယ်ကြားတယ်။ နောက်ပြီး အရှင်ဖမ်းမိထားတာလည်းရှိတယ် ပြောပါတယ်။ ကျန်တဲ့စစ်သားတွေတော့ ကျောက်ရာဇ်ကေဘက်ကို ထွက်ပြေးသွားတယ်"ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် နံနက် ၄ နာရီခန့်မှစတင်ပြီး ယနေ့ ဒီဇင်ဘာလ၂၅ ရက် ၊ နံနက်ပိုင်းအထိ ဖြစ်ပွါးခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအကျအဆုံးများပြီး  စစ်ကောင်စီ တပ်သားအလောင်းများအပြင် လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရမိမှုလည်း ရှိကြောင်း ၄င်းက ပြောသည်။

လက်ရှိမှာ သူတော်မတောင်စခန်းကုန်းကို အေအေက သိမ်းပိုက်ထားပြီး မြောက်ဦးမြို့မရဲစခန်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲအခြေအနေများကြောင့် မြောက်ဦးမြို့မှ ပြည်သူများသည် နီးစပ်ရာဒေသများသို့ ဆက်လက်ထွက်ပြေး တိမ်းရှောင်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်ထွက်ပြေးသည့် မြို့ခံတချို့ကိုလည်း ဓားစာခံအဖြစ်စစ်တပ်က ထပ်မံဖမ်းဆီးထားကြောင်း မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။  (NN-7)



ဆက်စပ် သတင်းများ