စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

သဘောတူညီမှုတစ်စုံတစ်ရာမရဘဲ ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့၏ ဒုတိယအကြိမ်ဆွေးနွေးပွဲပျက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

တရုတ်နိုင်ငံ၊ကူမင်းမြို့တွင်တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့်ဒီဇင်ဘာ၂၂ရက်နေ၂၄နေ့အထိ ပြုလုပ်ခဲ့သည့်စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့အကြား ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီချက်တစုံတရာမရဘဲပျက်သွားခဲ့ကြောင်း  VOA (မြန်မာပိုင်း)က သတင်း ဖော်ပြသည်။

အဓိကအားဖြင့် တပ်နေရာချထားရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ရေးကိစ္စတွေမှာ အခြေအတင် ဆွေးနွေးမှုတွေ ရှိခဲ့ပြီး သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း  အမည်မဖော်လိုသည့် စည်းဝေးပွဲကို တက်ရောက်ခဲ့သူတဦးကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

လာမည့် နှစ် ဇန်နဝါရီလအတွင်း ထပ်မံ တွေ့ဆုံ ဆွေးနွေးကြရန်  စီစဉ်ထားသည်ဟုဆိုသည်။

တရုတ်နိုင်ငံ၏  ကြားဝင် ဆောင်ရွက်ပေးမှုဖြင့်  ပထမအကြိမ်ပြုလုပ်ခဲ့သည့်  ဆွေးနွေးပွဲ၌  မြောက်ပိုင်းညီနောင်() ဖွဲ့နှင့် စစ်ကောင်စီ အကြား ဒီဇင်ဘာလ (၁၁) ရက်ကနေ (၃၁) ရက်ထိ (၂၀) ရက်ကြာ ယာယီအပစ်ရပ်မည့်  "ဟိုင်ဂင် သဘောတူညီချက်" ကို ရခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်။

ထိုသို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသဖြင့်မြန်မာ့အရေး ပဋိပက္ခများကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဌာနက မကြာသေးခင် ရက်ပိုင်းက ပြောထားသည်။

လက်ရှိလ ရခိုင်တွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး အထူးသဖြင့် မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

၎င်းပြင် ရမ်းဗြဲမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုနှင့် အတူ စစ်ရေး တင်းမာနေပြီး အချိန်မရွေးတိုက်ပွဲများ ဆက်လက်ဖြစ်လာနိုင်သည်ဟု စစ်ရေးလေ့လာ အကဲခတ်သူများက ပြောကြားသည်။ ( NN-30)

(ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်)

ဆက်စပ် သတင်းများ