Preview

ပုဏ္ဏားကျွန်းတွင် စစ်ရှောင်များအားပို့ဆောင်သည့် သုံးဘီးမှောက်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရ

ဒီဇင်ဘာ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :1453
ရခိုင် သတင်း

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှစစ်ဘေးရှောင်သည့် မိသားစုတစ်ခု စီးလာသည့် သုံးဘီးမှောက်၍ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟုသတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ ၂၆ရက်နေ့လယ်၂နာရီကျော်ခန့် သုံးဘီးတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြိုနယ်လူငယ်များအစည်းအရုံးမှတာဝန်ရှိသူတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" သူတို့မိသားစုကကျောက်ဆိပ်ကပါ။ကျောက်ဆိပ်က ဟိုးအရင်ကတည်းက မကြာခဏ လက်နက်ပစ်တာခံရတော့ သူတို့ကစိုးရိမ်စိတ်နဲ့တခြားနေရာကိုစစ်ဘေးရှောင်ကြတာ။ ရွာကအထွက် ဆိုင်းဘိုးနားမှာပဲ မှောက်သွားတာ။ အမျိုးသမီးကြီးဒဏ်ရာကတော်တော်ပြင်းပါတယ်"ဟုပြောသည်။

ဒဏ်ရာရရှိသူမှာ အသက်၆၀အရွယ် ဒေါ်လှနုစိန်ဖြစ်ပြီး ညာဖက်မျက်လုံးတွင်ဒဏ်ရာစိုးရိမ်ရပြီး၊နူတ်ခမ်းများ ပဲ့သွားကြောင်းဒေသခံများကပြောသည်။

လက်ရှိတွင်သူမ၏ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေမြို့ဆေးရုံကို ပို့ဆောင်လိုက်ရသည်ဟုအသင်းတာဝန်ရှိသူ တစ်ဦးကနိရဉ္စရာကိုပြောသည်။

" ပုဏ္ဏားကျွန်းဆေးရုံသွားတော့ဆရာဝန်ကြီးကဒဏ်ရာစိုးရိမ်ရတဲ့အတွက်စစ်တွေဆေးရုံကို သွားခိုင်းပါတယ်" ဟုပြောသည်။

အဆိုပါသုံးဘီးယာဉ်တွင် လူ ၁၀ဦးခန့်ပါရှိပြီး ကျောက်ဆိပ် ကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်ဘုရားပျက်ပိုက်ဆိပ်စစ်ဘေးရှောင်စခန်းသို့စစ်ရှောင်ရန် ထွက်လာကြစဉ် အဆိုပါ သုံးဘီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်ဟုသိ၇သည်။(NN-11) 

#ပုဏ္ဏားကျွန်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.