စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မြောက်ဦးမြို့ ခရိုင်ရဲစခန်း ရက္ခိုင့်တပ်တော် သိမ်းပိုက်လိုက်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 5k

မြောက်ဦးခရိုင်ရဲစခန်းကို စစ်ကောင်စီက လေယာဉ်များ၊ အမြောက်ကြီးများဖြင့် ပစ်ခတ် ခုခံကာကွယ်နေသည့် ကြားထဲက ရက္ခိုင့်တပ်တော် (AA)က အောင်မြင်စွာသိမ်းပိုက်လိုက်ပြီဖြစ်သည်။

မြောက်ဦးမြို့မြောက်ဘက် မြို့အဝင်အထွက်ရှိ ငွေတောင်ပေါက်တွင် တည်ရှိသည့် သူတော်မတောင်စစ်စခန်းနှင့် မြောက်ဦးရဲခရိုင်စခန်းတို့ကို ရက္ခိုင့်တပ်တော်က ဒီဇင်ဘာ ၂၄ ရက် နံနက် ၃ နာရီ ၅၅ မိနစ်တွင် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စခန်း ၂ ခုစလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးခရိုင်ရဲစခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်းကို ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ညီနောင်သုံးဖွဲ့က ယခုလို ထုတ်ပြန်ထားသည်။

“ ရက္ခိုင့်တပ်တော်အနေဖြင့်  “မြောက်ဦး ခရိုင်ရဲစခန်း” အား ဒီဇင်ဘာလ (၂၆) ရက် ညနေ (၉) နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငွေတောင်ပေါက် သူတော်မတောင် စစ်စခန်းအား ဒီဇင်ဘာ  ၂၅ ရက်နေ့တိုက်ခိုက်မှုအတွင်း သိမ်းပိုက်ရရှိခဲ့ပြီး အလောင်းတချို့နှင့် လက်နက်များ သိမ်းဆည်းမိသည်ဟု သိရသည်။

မြောက်ဦးမြို့ပေါ်တွင် ခမရ ၅၄၀၊ ၃၇၇၊ ၃၇၈ တပ်ရင်းများနှင့် ရဲတပ်ရင်း (၃၁) တို့ တည်ရှိသော်လည်း လက်နက်ကြီးပစ်ကူမှုမှ အပ တစ်စုံတစ်ရာ ဝင်ရောက်စစ်ကူတိုက်ခိုက်ပေးနိုင်ခဲ့ခြင်း မရှိဟုသိရသည်။

 

၎င်းပြင် ပလက်ဝအတွင်းမှ “ခဝဲဗျူဟာကုန်း” အားလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ