သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်ဆွဲတိုက်ခိုက်ခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.6k

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု ယနေ့ နံနက်က  ိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ဒေသခံတစ်ဦးက ရန်ကုန်-စစ်တွေ ကားလမ်း ဓာတ်အားခွဲစက်ရုံရှေ့မှာ ဒီကနေ့ မနက် ၁၁နာရီ ၄၀မိနစ်ခန့်က ဖြစ်တာပါ။  အင်အား၂၀ခန့်ပါတဲ့  စစ်တပ် စစ်ကြောင်းတစ်ခု ရက္ခိုင့်တပ်တော်က ိုင်းဆွဲ တိုက်ခိုက်လိုက်တာပါဟု  နိရဉ္စရာသတင်းဌာနကိုပြောသည်။

ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းပိုင်း အဝေးပြေးကားလမ်းမမှာ ိုင်းသုံးလုံးပေါက်ကြောင်း၊ အင်အား ၂၀လောက်ပါသည့် စစ်ကြောင်းသည် ရပ်ကွက်ထဲကို လမ်းလျှောက်ပြီး ဝင်လာကြကြောင်း၊  ပြန်အထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

၎င်းစစ်သားများသည် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ၅၅၀တပ်ရင်းမှ ဖြစ်ပြီး မိုင်းဆွဲခံရပြီးနောက် လက်နက်ငယ်များ ပစ်ခတ်သံထွက်ပေါ်လာသည်ဟု မြို့ခံတစ်ဦးကပြောသည်။

" မိုင်းဆွဲပြီး တိုက်ခိုက်တာပါ။ သူတို့က တပ်ထဲဝင်ပြီး ခဏအကြာမှ လက်နက်ငယ် ပစ်သံတွေတော့ ကြားရတယ်။ လက်နက်ငယ်တွေ တပ်ထဲကနေ ပစ်ပါတယ်" ဟုပြောသည်။

ိုင်းဆွဲတိုက်ခိုက် ကြောင့် စစ်သာများဒဏ်ရာမှုများရှိခဲ့ကြောင်း ကြားသိရကြောင်း ၎င်းက ပြောဆိုသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် စစ်ကောင်စီကို မေးမြန်း၍ မရသဖြင့်  သီးခြား အတည်ပြုနိုင်ခြင်းတော့ ရှိသေးပါ။

ပြီးခဲ့သည့်နိုဝင်ဘာ ၂၄ရက်နေ့ စစ်ကောင်စီ‌ နေဗီမှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့်  ပုဏ္ဏားကျွန်းမြို့မဈေး‌ မီးလောင်ပြီး နောက်ပိုင်းမှစ၍ မြို့ခံများမှာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြကြောင်းသိရသည်။(NN-11) 

ဆက်စပ် သတင်းများ