Preview

တင်းမတောင်ရှည်တောင်ဗျူဟာ တိုက်ပွဲပြင်းထန်၊ လေယာဉ်အပါအဝင် ကျောက်တော်တပ်ရင်းများက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံများထွက်ပြေးရ

ဒီဇင်ဘာ ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :2327
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ် အထက်ပိုင်းစစ်ကောင်စီတပ် တင်းမရွာတောင်ရှည်တောင်ဗျူဟာကို ရက္ခိုင့်တပ်တော်(AA)တို့ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ တိုက်ပွဲမှာ ယနေ့တွင် ပိုမို ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ကျောက်တော်အခြေစိုက် စကခ (၉)က လက်နက်ကြီးဖြင့်အဆက်မပြတ် ပစ်ခတ်ပြီး ရဟတ်ယာဉ်များဖြင့် လာရောက်ဗုံးကြဲမှုများရှိသည်အတွက်  တောင်ရှည်တောင်နှင့် အနီးအနား ပတ်ဝန်းကျင်ကရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" မနေ့ကနေတိုက်ပွဲကပြင်းထန်လာတယ်။လက်နက်ကြီးတွေတအားပစ်တယ်။ နေ့လယ် ၁နာရီကနေညဉ့်အထိပစ်တယ်။ညမအိပ်၇ဘူး။အပြန်အလှန်ဖြစ်တာ။ ဒီနေ့လည်း စကခ ၉ ဖက်တွေက အခုအချိန်ထိ ပစ်တုန်းပါ" ဟု ညနေ ၄ နာရီခွဲခန့်ကပြောသည်။

ယင်းအပြင်ယနေ့ဒီဇင်ဘာ ၂၉ရက်နေ့ နံနက် ၈နာရီမှ၉နာရီထိ လေယာဉ်များဖြင့်ဗုံးကြဲသံများကိုအနီးကပ် ကြားရသဖြင့်ရွာသားများ ထွက်ပြေးနေရသည်ဟု ဝက်မကျ ကျေးရွာသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ဒီနေ့မနက်ကလေယာဉ်နဲ့ဗုံးလာကြဲတာမျိုးရှိတယ်။တပ်မဖက်ကတောင်ရှည်တောင် ဝက်မကျတို့၊ သားပုံရွာ၊ သံပုရာထောင့်အဲဒီရွာတွေကို ပစ်တယ်။ အဲ့ရွာတွေလက်နက်ကျလို့ အိမ်တွေပျက်စီးတယ် ပြောတယ်။ လူတွေအထိခိုက်မရှိဘူး။ကျနော်တို့ကထွက်ပြေးလာပြီ။လမ်းလျှောက်ပြီးထွက်ပြေးကြရတာပါ။ နီးစပ်ရာဒေသတွေကို"ဟုပြောသည်။

ကျောက်တော်မြို့နယ် အထက်ပိုင်းတင်းမရွာ တောင်ရှည်တောင် ဗျူဟာ အနီးဝန်းကျင်တွင် ဒီဇင်ဘာလ ၂၅ရက်က စပြီ တိုက်ပွဲ ဖြစ်ပွားနေကာ ၎င်းနေ့ ညအချိန်၌  စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်းသိ၇သည်။ ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ညအချိန်ကလည်း လေယာဉ် (၂)စီးမှ ဆက်လက် လာရောက်ပစ်ခတ်ခဲ့ပြီး ယနေ့တွင်လည်း ထပ်မံပစ်ခတ်နေကြောင်း သိ၇သည်။ 

လက်ရှိတွင်တောင်ရှည်တွင်ဗျူဟာကုန်းရှိ ကာကင်းစခန်းငယ်အချို့ကိုရက္ခိုင့်တပ်တော်ကသိမ်းပိုက်လိုက်ပြီဟုဒေသခံများကပြောသည်။

အဆိုပါစစ်ကောင်စီ၏ဗျူဟာကုန်းသည် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသော စခန်းတစ်ခုဖြစ်သည်။စစ်ကောင်စီအနေဖြင့် ၎င်းဗျူဟာကုန်းမကျဆုံးစေရေးအတွက် လက်နက်ကြီး၊လေကြောင်းပစ်ကူများဖြင့် အပြင်းအထန်ခုခံလျက်ရှိကြောင်းလည်းညီနောင်မဟာမိတ်သုံးဖွဲ့ကကထုတ်ပြန်ထားသည်။(NN-11) 

ပုံစာ- ရခိုင်စစ်မျက်နာတွင် ပါဝင်တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်တစ်စီးကိုတွေ့၇စဉ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.