စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ပလက်ဝ၊ ခဝဲဗျူဟာကို အေအေသိမ်းပိုက်


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.5k

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ခဝဲဗျူဟာကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၇ ရက် နံနက် ၆ နာရီကျော်ခန့်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း အေအေနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူး နှစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော် အရှင်ဖမ်းဆီးရမိထားပြီး စစ်ကောင်စီတပ်သား အလောင်းနှစ်လောင်းရရှိခဲ့သည်ဟု ၄င်းက ပြောသည်။

" ဒီဇင်ဘာ ၂၇ ရက် ည ၁၀ နာရီထိုးလောက်မှာ သိမ်းနိုင်သွားတာပါ။ တပ်သား ၃၀ ကျော်အရှင်ဖမ်းမိထားပြီး အလောင်းက နှစ်လောင်းရတယ်လို့ သိရပါတယ်။ နောက် အင်အား ၇၀ ကျော်လောက်တော့ ၂၈၉ ကို တပ်ဆုတ်သွားတယ်"ဟု ပြောသည်။

ဆက်လက်ပြီး ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာ နှင့် ပလက်ဝမြို့နယ်၊ ကလပ်ချောင်းထဲတို့တွင် တိုက်ပွဲများဖြစ်ပွါးနေသည်ဟု ဒေသခံများက ပြောသည်။

"တောင်ရှည်တောင်မှာတော့ မနေ့ ညနေ ၆ နာရီကျော်လောက်က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ကြတယ်။ ဒီနေ့လည်း အပြင်းအထန်ဖြစ်နေတယ်။ ကျောက်တော် တပ်မကလည်း လက်နက်ကြီးတွေပစ်ကူပေးတယ်။ နောက် ကလပ်ချောင်းထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်"ဟု ပလက်ဝဒေသခံတစ်ဦးက ဆိုသည်။

ခဝဲဗျူဟာမှ တပ်သားအများစုသည် ဒီဇင်ဘာ ၁၅ ရက်နေ့ ညအချိန်တွင် ခလရ ၂၈၉ တပ်ရင်းကို သွားရောက် တပ်ပူးပေါင်းခဲ့ပြီးနောက် တစ်ဖန်  ခဝဲဗျူဟာကို  ပြန်လည် ဝင်ရောက်တပ်ထိုင်ရာကနေ ရက္ခိုင့်တပ်တော်၏ တိုက်ခိုက်ခြင်းကို ခံရခြင်းဖြစ်ကြောင်း သိရသည်။ (NN-7) Photo by The Beauty of Arakanese

ဆက်စပ် သတင်းများ