Preview

ပလက်၀ ခဝဲဗျူဟာကုန်း၊ အိန္ဒိယနယ်စပ် ပွိင့် (၃ရရ) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းတို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ULA/AA သတင်းထုတ်ပြန်

ဒီဇင်ဘာ ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :2401
ရခိုင် သတင်း

ရက္ခိုင့်တပ်တော် ( AA)သည် ဒီဇင်ဘာလ(၂ရ) ရက်နေ့၊ နံနက် (၆) နာရီ (၁၀) မိနစ်အချိန်တွင် ပလက်၀မြို့ ခဝဲဗျူဟာကုန်းအား လည်းကောင်း၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီ(၂၀) မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ပလက်၀ဒေသအတွင်းရှိ ရန်သူ့အခြေကုပ်စစ်စခန်း တစ်ခုဖြစ်သောပွိင့် (၃ရရ) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းအားလည်းကောင်း အပြီးသတ်သိမ်းပိုက် ၇ယူထားနိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းပြင် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ည (၉) နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ခရိုင်ရဲစခန်းကိုလည်း သိမ်းပိုက်ရရှိကြောင်း မိမိတို့ သိမ်းပိုက်ရယူထားသော ရန်သူ့စခန်းကုန်းများမှရန်သူ့အလောင်း အမြောက်အမြား၊လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်း၇မိခဲ့သည်ဟု ဖော်ပြသည်။

ပုပ်ပွပြီးအနံ့အသက်မကောင်းစွာဖြင့် နေရာအနှံ့ ပြန့်ကြဲသေဆုံးနေသောရန်သူ့အလောင်းများစွာတို့အား ကောင်းစွာ မြေမြှုပ် သင်္ဂြိုဟ်ထားပြီးဖြစ်သည်ဟု ဆိုသည်။ 


တစ်ပြိုင်နက်တည်းတွင်လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများအားလိုက်လံချေမှုန်းလျက်ရှိသည်။ လက်နက်ချအညံ့ခံသောသူတိုင်းအသက်ချမ်းသာရာရမည်ဖြစ်ပြီး မိသားစု၊ ဆွေမျိုးများနှင့်တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း ဤသတင်းထုတ်ပြန်ချက်နှင့်အတူအာမခံကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်ဟုလည်း ဖော်ပြထားသည်။

၁၀၂ရစစ်ဆင်ရေးကို ရှမ်းမြောက်တွင် အောက်တိုဘာလ (၂ရ) ရက်နေ့၌ စတင်ခဲ့ပြီး နှစ်ပတ်ကျော်အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်မှရက္ခိုင် နှင့် ပလက်၀ဒေသစစ်မျက်နှာများအပြင် ရက္ခိုင့်တပ်တော်၏ စစ်ရေးလိုအပ်ချက်အရ လှုပ်ရှားရာနယ်မြေများ၌“စစ်ဆင်ရေး”ကိုစတင်နိုင်ခဲ့သည်ဟု ရေးသားဖော်ပြသည်။ 


စစ်ဆင်ရေးစတင်သည့်နေ့မှယနေ့အထိ တစ်ရက်မပျက် ဆက်တိုက်စစ်ဆင်ရေးကို ဆင်နွှဲနိုင်ခဲ့သည်။ ရက္ခိုင့်တပ်တော်သည် ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့်၊ တအာင်းအဖွဲ့အစည်းများနှင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင်အတူတကွ ဆင်နွှဲနေသကဲ့သို့ ရက္ခိုင်၊ ပလက်၀ဒေသနှင့် အခြားသော ဒေသများ၌လည်း တစ်ဖွဲ့တည်းဆင်နွှဲလျက်ရှိသည်။

ရက္ခိုင့်တပ်တော်အနေဖြင့်စစ်ဆင်ရေး စတင်သည့်နေ့မှစ၍ ရက္ခိုင် နှင့် ပလက်၀ဒေသရှိမိမိတို့ပစ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်သလို တချို့ပစ်မှတ်များမှာတစ်ဝက်တစ်ပျက်နှင့် အနည်းငယ်သာ ကျန်ရှိတော့၍ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက်ဆက်လက်ကြိုးစားလျက်ရှိသည်။

မိမိတို့ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆၊ ၂၇၊ ၂၈) ရက်နေ့များတွင်လည်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များထဲမှတချို့ကို အပြီးသတ်သိမ်းပိုက်၇ယူနိုင်ခဲ့သည်။

နောက်ထပ်ကျန်ရှိနေသေးသည့် စစ်ဆင်ရေးပစ်မှတ်များကိုလည်းဆက်လက် တိုက်ခိုက် သိမ်းပိုက်ရယူရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ဖော်ပြထားသည်။



#သိမ်းပိုက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.