Preview

မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်သိမ်းပိုက်

ဒီဇင်ဘာ ၃၀/ ၂၀၂၃ | ကြည့်ရှုသူ :5739
ရခိုင် သတင်း

ရခိုင်ပြည်၊မြောက်ဦးမြို့နယ်၊မြောင်းဘွေရဲစခန်းကိုရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။

မြောက်ဦးမြို့နယ်၊မြောင်းဘွေရဲစခန်းကိုယနေ့ဒီဇင်ဘာ ၃၀ရက် နေ့ နံနက်  ၂နာရီခန့်ကပင် တပ်တော်က သိမ်းပိုက်လိုက်ပြီဟုရက္ခိုင့်တပ်တော်နှင့်နီးစပ်သူ သတင်းအရင်းအမြစ်တစ်ခုက နိရဉ္စရာသတင်းဌာနကို အတည်ပြု ပြောကြားသည်။

" ဒီမနက်၄နာရီခွဲလောက်မှာ လက်နက်ပစ်ခတ်သံတွေတိတ်သွားတယ်။ အခု၈နာရီခွဲထိ။ မြောင်းဘွေဖက်ကိုမြောက်ဦး၊ မင်းပြားဖက်က တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ပစ်ခဲ့တယ်။မြောင်းဘွေရဲစခန်းမှာကျန်ရှိနေတဲ့ စစ်သားရဲသားတွေ ထွက်ပြေးတယ်။ သူတို့ တွက်ပြေးဖို့တွက် ဒီမြောက်ဦးနဲ့ မင်းပြားဖက်ကပစ်ပေးတာ။သူတို့စွန့်ခွာသွားကတည်းက ၂နာရီလောက်ကတည်းက တပ်တော်ဖက်ကသိမ်းလိုက်ပါပြီ။ အလောင်းတွေလည်း အများကြီး၇ထားတယ်"ဟုပြောသည်။

ယင်းအပြင် ရဲစခန်းတွင်ကျန်ရှိနေခဲ့သည် စစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းဆုံး ၉ဦးကိုလည်း  ရက္ခိုင့်တပ်တော်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိ၇သည်။ 

အလင်းဝင်တယ်ပြော၇မလား။ ထွက်ပြေးလို့မ၇လို့ ကျန်နေတယ်ပဲပြော၇မလား မနိုင်တော့လို့ ကျန်တယ်ဘဲ ပြော၇မလားမသိဘူး။၉ ယောက် စခန်းထဲမှာကျန်ခဲ့တယ် သူတို့ကတော့ လက်နက်ချတဲ့ သဘောမျိုးပါ" ဟုပြောသည်။

အဆိုပါ ထွက်ပြေးသွားသည့်စစ်ကောင်စီ၏ရဲနှင့်စစ်သားကို အရေတွက်အတိကျ မသိရသေးသော်လည်းရွာအချို့ကိုဝင်ရောက်ပြီး လက်နက်များဖြင့် ဖြိုပစ်ခဲ့သည်ဟုမြောင်းဘွေဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" ထွက်ပြေးသွားတဲ့ စစ်သားတွေက လေးနာရီလောက်မှာပီပင်ရင်း၊သရက်ချို မွတ်ဆလင်ရွာတွေကို ဝင်ပြီးသေနတ်တွေနဲ့ပစ်ခတ်ခဲ့တယ်။လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်တယ်။ အထိခိုက်တော့ မသိ၇သေးဘူး" ဟုပြောသည်။

မြောင်းဘွေရှိ ရဲစခန်းအမည်ခံစစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA )က ဒီဇင်ဘာ ၂၈ရက်နေ့ နံနက် ၆ နာရီ ခန့်မှစ၍ထိုးစစ်ဆင်တိုက်ခိုက်၍ယနေ့ ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်သည့်ကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ရန် ULA/AA  ပြောခွင့်၇သူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၈ ရက်မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းတိုက်ပွဲအတွင် တိုက်ပွဲနှင့်မဆိုင်သည့် ကျေးရွာများအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဘ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့်  လူငယ် ၃ ဦး အပါအဝင် ၄  ဦးသေဆုံးပြီး ၁၆ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ထားသည်။

က္ခိုင့်တပ်တော်သည်  စစ်ကောင်စီ၏စခန်ကြီး/စခန်းငယ်(၁၄၂)ခုကို ၁၀၂၇ စစ်ဆင်ရေး စတင်သည့် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၂ရ) ရက်ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ ရက်ပေါင်း (၄၅) ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့အထိဆိုလျှင် သိမ်းပိုက်နိုင်သည့် စခန်းမှာ  ၁၅၀ကျော်သွားပြီဟု သိ၇သည်။(NN-11) 

 

#သိမ်းပိုက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.