စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

“တောင်ရှည်တောင်ဗျူဟာကုန်း” တိုက်ပွဲပြင်းထန်နေ”


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

ရက္ခိုင့်တပ်တော်မှ ပလက်၀မှ ချင်းလက်ဝစခန်း၊ မီးဝဗျူဟာကုန်းနှင့် ပွိုင့် (၃၁၃) ကုန်းစခန်း ၃ခုကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်နေဟု ထုတ်ပြန်

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရေး အတွက် တိုက်ပွဲများ ဆက်လက် ပြင်းထန် နေခဲ့ကြောင်း ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီ ၁ ရက် (၁၁:၅၀) အချိန် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရေး အတွက် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့ကြောင်း၊  ဇန်နဝါရီ နံနက် (၉) နာရီဝန်းကျင် ကလည်း ရန်သူ၏ ဂျက်တိုက်လေယာဉ်သည် အဆိုပါကျေးရွာနှင့် အနီးအနားကျေးရွာများသို့ ဗုံး (၅) လုံးထက်မနည်း လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ၎င်းဗျူဟာကုန်းနှင့် ကျောက်တော်အခြေစိုက် စကခ (၉)မှလည်း လက်နက်ကြီးများ ဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း  အဆိုပါ ဗျူဟာကုန်းသည် ဒေသခံပြည်သူများအား အနိုင်ကျင့် ဗိုလ်ကျလျက် လူသားဒိုင်းကာအဖြစ် မတရားဖမ်းဆီး၊ သတ်ဖြတ်မှုများ ပြုလုပ်နေခဲ့သည့် စစ်ရာဇဝတ်မှုအခြေစိုက်ရာ နေရာတစ်ခုလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။

( ပုံစာ- တင်းမ တောင်ရှည်တောင်ဗျူဟာ/နိရဉ္စရာ)

၎င်းပြင် စစ်ကောင်စီ၏ စခန်းများထဲမှာ ချင်းလက်ဝစခန်း( ပလက်ဝ)၊ မီးဝဗျူဟာကုန်း (ပလက်ဝ)နှင့် ပွိုင့် (၃၁၃) ကုန်း (ပလက်ဝမြို့၏ အရှေ့မြောက်ဘက် မီတာ (၁၇၀၀) အကွာအဝေးရှိ စခန်း) အပါအဝင် အခြားသော တစ်ဝက်တစ်ပျက် ကျန်ရှိနေသေးသည့် ရန်သူ့စခန်းကုန်းများအားလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိကြောင်း ဖော်ပြထားသည်။  

စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ညအချိန်မရွေး ပစ်ခတ် တိုက်ခိုက်ခြင်းများဖြင့် အသည်း အသန်ခုခံနေကြောင်းနှင့် အဆိုပါ စခန်းများအားလုံးကို အချိန်တိုတိုအတွင်း အပြီးသတ်သိမ်းပိုက်ရယူ နိုင်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြသည်။

ယနေ့တိုက်ပွဲအတွင်း  စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကန်ထောက်ဝမှ အရပ်သားပြည်သူ အမျိုးသမီး (၃) ဦး လက်နက်ကြီးစထိမှန်၍ ထိခိုက် ဒဏ်ရာရခဲ့သည်။

ရက္ခိုင့်တပ်တော်နေသည့် လှုပ်ရှားရာနေရာများထဲမှ တစ်ခုဖြစ်သော စစ်ကိုင်းတိုင်း၊ ထီးချိုင့် မြို့နယ် အတွင်း၌လည်း ရက်ဆက် (သို့မဟုတ်) တစ်ရက်ခြား တိုက်ပွဲများမှာ ဆက်တိုက်ရှိနေခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ (၁) ရက်နေ့တွင်လည်း ရမ်းဗြဲမြို့အား စစ်ကောင်စီ၏ စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်အချို့ မီး‌လောင်ပျက်စီးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သည်  ရမ်းဗြဲမြို့တွင်း လက်နက်အင်အား၊ လူအင်အားများကို အခိုင်အမာတပ်စွဲအခြေချထားပြီး မြို့တွင်းရှိ ဒေသခံများအား လူသားဒိုင်းကာအဖြစ် အကာအကွယ်ယူ၍ နေ့စဉ်ရက်ဆက် လက်နက်ကြီး၊ ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက် ခိုက်လျက်ရှိသည်ဟု ဖော်ပြသည်။ 

(ပုံစာ- ပလက်၀ခဝဲဗျူဟာကုန်းမှ AA သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ)

အလားတူ ပေါက်တောမြို့တွင်လည်း စစ်ကောင်စီဘက်မှ မြေပြင်ထောက်ပို့များအား ထပ်မံဖြည့်တင်း နိုင်စွမ်းမရှိတော့သည့်အတွက် လေကြောင်း၊ ရေကြောင်းနှင့် ကျန်ရှိနေသေးသည့် ၎င်း၏ လက်အောက်ခံစခန်းအချို့မှ ပေါက်တောမြို့အား ဦးတည်ပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ဇန်ဝါရီ ၁ ရက်  နေ့လယ် ၃ နာရီအချိန်ခန့်တွင်လည်း ရသေ့တောင်မြို့နယ်၊ ကျောက်ပြင်ဆိပ် ကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံခမရ (၅၃၈) တပ်ရင်းမှ ရွာနီးစပ်ဝန်းကျင်၌ ရည်ရွယ်ချက်ရှိရှိ မိုင်း‌ထောင် ထားမှုကြောင့် အသက် (၅၇) နှစ်အရွယ် သက်ကြီးပိုင်းဒေသခံအမျိုးသား (၁) ဦးမှာ ကျောက်ပြင်ဆိပ်ဘုန်းကြီးကျောင်း အနီး နွားကျောင်းနေစဉ် မိုင်းနင်းမိ၍ ဘယ်ဘက်ခြေ‌ထောက် ပြတ်ထွက်သွားသည်အထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

၎င်းပြင် ည (၇) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းမှ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် ဗောဓိ သာရာမဘုန်းကြီးကျောင်းနှင့် ရွှေဂူတောင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့သည်။

ရွှေဂူတောင်ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်ကြောင့် အသက် (၅၀) နှစ် အရွယ် ဒေသခံအမျိုးသမီး (၁) ဦး သေဆုံးခဲ့ရကာ (၆) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းလက်အောက်ခံ လက်ကိုင်တုတ် အဖွဲ့ဝင်အင်အား (၄၀) ခန့်သည် ဆတ်ရိုးကျမြို့သစ် ရပ်ကွက်နှင့် မင်းဒရားချိတ်ရွာဟောင်းရပ်ကွက်သို့ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ကာ အမျိုးသမီး () ဦး အပါအဝင် ဒေသခံ () ဦးနှင့် မွတ်ဆလင် () ဦးတို့အား အင်အားသုံး အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး အဆိုပါ ဖမ်းဆီးခံရသူ များအား စစ်တွေမြို့ အမှတ် () ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဖော်ပြထားသည်။

ဒီဇင်ဘာ ၃၁ ရက်  နံနက် (၈) နာီ (၃၀) မိနစ်အချိန်ခန့်တွင မောင်တောအခြေစိုက် စစ်ကောင်စီ၏ မောရဝတီ ဗျူဟာကုန်းမှ အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ကိုင်းကြီး (မြို) ကျေးရွာ၏ လမ်းမထက်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ လမ်းသွားလမ်းလာ ဒေသခံအမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၁) ဦးတို့ ကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

( မှတ်ချက်-  ယခုသတင်းအချက်အလက်များသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့၊ (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည့် ညီနောင် သုံးဖွဲ့၏ Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၇) ရက်မြောက်နေ့ တိုက်ပွဲသတင်းများမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)

ဆက်စပ် သတင်းများ