Preview

မောင်တောမြို့နယ်မြောက်ပိုင်း ကြောင်နဖေကျေးရွာတွင် ဆက်လက်တိုက်ပွဲဖြစ်

ဇန်နဝါရီ ၀၂/ ၂၀၂၄ | ကြည့်ရှုသူ :1643
ရခိုင် သတင်း

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းကြောင်နဖေ (မြိုတိုင်းရင်းသား) ကျေးရွာရှိ နယ်ခြားစောင့်ရဲကင်းစခန်းအား ရက္ခိုင့်တပ်တော် (AA)က စတင်တိုက်ခိုက်ရာမှ  တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

ယမန်နေ့ ဇန်နဝါရီလ၁ ရက်နေ့ ည ရ နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်မှ နယ်ခြားစောင့် ရဲစခန်းအား စတင်ထိုးစစ်ဆင်ပြီး ၁နာရီဝန်းကျင်ခန့်အကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" အေအေကအဲ့ဒီစခန်းကို အရင်တိုက်တာ။ လက်နက်ကြီး/ငယ်တွေနဲ့ အပြန်အလှန်ပစ်ခဲ့ကြတယ်။ပစ်လိုက်ရပ်လိုက်နဲ့ တစ်နာရီဝန်းကျင်လောက်ကြာတယ်။ အဲ့ဒီနောက်ပိုင်းတော့ငြိမ်သွားတယ်  " ဟုပြောသည်။

ယနေ့ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ် ၂ နာရီကျော်အထိ တိုက်ပွဲဆက်ဖြစ်ပွားခြင်းမရှိဘဲ  ငြိမ်သက်နေကြောင်းလည်း ၎င်းကပြောသည်။

နောက်ဒေသခံတစ်ဦးက" အရင်ကနေအဲ့ဒီစခန်းကို အေအေက ဝိုင်းထားတာကြာပြီ။ မနေ့က အေအေက စပစ်တာ။အဲ့တော့စစ်ကောင်စီကလည်း ပြန်ခုခံတာပေါ့။ ပထမ ၁၅ မိနစ်လောက်က ဆက်တိုက်ပစ်ကြတယ်။ပြီးရင်တော့ ရပ်လိုက် ပစ်လိုက်နဲ့ပေါ့ " ဟုပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၁နာရီကျော်ခန့်က ကြောင်နဖေရွာ နယ်ခြားစောင့် ရဲကင်းစခန်းနှင့် ရက္ခိုင့်တပ်တော် (AA)တို့ နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ယင်းအပြင်အဆိုပါရွာကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင်ခမောင်းဆိပ်ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်မီးလောင်ခဲ့ပြီး နေအိမ်၃၀ ကျော်ခန့်မီးလောင်ပြာကျခဲ့သည်။

ထို့အပြင် ၎င်းရွာသားများမှာအဓိကထားလုပ်ကိုင်စားသောက်နေသည့် လယ်ယာလုပ်ငန်းများဖြစ်ပြီး၊လယ်ထွန်စက်တစ်စီး၊ စပါး တောင်း ၃ ထောင်ကျော်အပြင်၊ ဘဲ၊ ကြက်၊ ဝက်၊ ဆိတ်နှင့် အိမ်ဆိုင်ပစ္စည်းများအပါအဝင် ဆိုင်ကယ်များလည်း မီးထဲပါဆုံးရှုံးခဲ့ကြောင်း သိ၇သည်။

ယင်းရွာတွင်အိမ်ခြေ ၅၀ ခန့်ရှိပြီး၊ လူဦးရေ ၂၆၀ ခန့်ရှိကာ လက်ရှိတွင် ဘေးလွှတ်ရာသို့တိမ်းရှောင်နေခဲ့ရကြောင်းသိ၇သည်။ (NN-13)

 ဓာတ်ပုံ-ပေးပို့

#တိုက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.