စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ကျောက်တော် အလယ်ကျွန်းကျေးရွာကို ဂျက်တိုက်လေယာဥ်ဖြင့်ဗုံးကြဲ၍ အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေး ၂ ဦးအပါအဝင် ၈ ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ရခိုင်ပြည်၊ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာထဲကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲချ အမျိုးသမီး ၁ဦးသေဆုံးပြီး ကလေး ၂ ဦးအပါအဝင် ၈ ဦးဒဏ်ရာရှိသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ ဒေါ် ခိုင်အေးနု (၃၂) နှစ်ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ မခိုင်အေးဆန်း(၂၁) နှစ်သိန်းဦးနွေ (၁၈)နှစ်၊ ဒေါ် စောနွေ (၃၁) နှစ် ၊ ဒေါ် ခိုင်ခိုင်ညွန့် (၃၂) နှစ် ၊ မခိုင်နုဝါ (၇) နှစ် ၊မောင်အဘုချေ (၃)လ ၊ မောင်မျိုးချစ်အောင် (၂) နှစ် ဒေါ် ဦးမေဆန်း (၃၀) နှစ်တို့ဖြစ်ကြသည်။

ယနေ့ ညနေ ၂နာရီ ၄၉ မိနစ်က တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့သဖြင့် ထိုသို့ သေဆုံး ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တော်ဒေသခံ တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

နို့တိုက်ကလေးအမေတစ်ယောက် သေသွားတယ်။ လသားအရွယ် ကလေးက ဒဏ်ရာရပြီး ကျန်ခဲ့တယ်။ လက်နက်ကခါးကိုထိပြီး ခါးပြတ်ပြီးအူထွက်ပြီးသေသွားတယ်။ အဲ့ဒီစစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်က တရားလွန်လာပြီ။ ဗုံးလာကြဲတာ အိမ်တချို့ပျက်စီးသွားတယ်ဟုပြောသည်။

လက်ရှိတွင်ဒဏ်ရာရှိသူများကို နီးစပ်ရာ ရွာများတွင် ဆေးကုပေးလျက်ရှိပြီး မျောက်တောင်၊ ခေါင်တုတ်၊ အလယ်ကျွန်းနှင့်အနီးအနားရှိရွာများမှ ဒေသခံများဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကျောက်တော်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ဒဏ်ရာရတဲ့သူတွေကို တော့နီးစပ်ရာရွာတွေမှာ ဆေးကုသမှုခံနေကြတယ်။ ရွာသားတွေလည်း ခုမနေရဲကြတော့ဘူးဟုပြောသည်

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာကုန်း” အား ရက္ခိုင့်တပ်တော် (AA) မှ တိုက်ခိုက်နေရာ ၎င်းနေရာအား ဗုံးကြဲပြီးအပြန်တွင်  အရပ်သားရွာကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့ကကျောက်တော်မြို့နယ် မျောင်တောင်ကျေးရွာတွင်လည်း  စစ်ကောင်စီတပ်များမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နှစ်လုံးမှာ လူနေကျေးရွာထဲ ထိမှန်ပေါက်ကွဲ၍ ကလေး၁ဦး အပါအဝင် ၂ဦး သေဆုံးပြီး ၅ဦးဒဏ်ရာရရှိသွားခဲ့သည်။(NN-11)



ဆက်စပ် သတင်းများ