Preview

ရက္ခိုင်တပ်တော်က (၂) ရက်အတွင်း ပလက်၀ရှိ ချင်းလက်၀နှင့်ခမောင်း၀စခန်းကုန်းအားသိမ်းပိုက်

ဇန်နဝါရီ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :1821
ရခိုင် သတင်း

(လက်နက်ခဲယမ်းများနှင့်စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကိုလည်း သိမ်းဆည်း၇မိ)

ရက္ခိုင်တပ်တော် ( AA) က ၂ ရက်အတွင်း ပလက်၀ဒေသအတွင်းရှိ ချင်းလက်၀နှင့် ခမောင်း၀စခန်းကုန်းအား သိမ်းပိုက်လိုက်ပြီး  လက်နက်ခဲယမ်းများနှင့်စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုလည်းသိမ်းဆည်းရမိသည်ဟု ရက္ခိုင့်တပ်တော်ကသတင်းထုတ်ပြန်သည်။


၎င်းစခန်းများအား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ရက္ခိုင်နှင့် ပလက်၀ဒေသအတွင်း၌ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ရန်သူ့စခန်းကုန်းများထဲမှ ပလက်၀မြို့နယ်၊ ခမောင်း၀ စခန်းကုန်းအား၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သကဲ့သို့ယနေ့ ဇန်နဝါရီလ (၃) ရက်နေ့၌လည်း ချင်းလက်၀စခန်းကုန်းအားအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။


ရန်သူ့အလောင်းများ၊လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကိုလည်းသိမ်းဆည်း၇မိခဲ့သည်ဟု ဖော်ပြထားသည်။


#သိမ်းပိုက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.