စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မင်းပြားတွင် စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရရှိမှုများရှိဟုဆို


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ငစရိုင်းချောင်းတောင်ပေါ်မှ စစ်ကောင်စီတပ်ကြောင်းတစ်ခု တောင်အောက်သို့ ဆင်းလာစဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရမှုများရှိကြောင်း ဒေသခံများကနိရဉ္စရာသို့ပြောသည်။

ယနေ့မနက် ဇန်နဝါရီလ ၄ ရက်၊ မနက် ၁၀ နာရီခွဲဝန်းကျင်က ငစရိုင်းချောင်းတောင်အနီး မင်းရွာနှင့် ဖားပြိုရွာကြားတွင် မိုင်းပေါက်ကွဲသံ နှစ်ချက်ကြားခဲ့ရပြီးနောက် လက်နက်ငယ်ပစ်ခတ်သံများကို အဆက်မပြတ် ကြားခဲ့ရသည်ဟု  ဒေသခံတစ်ဦးက ပြောသည်။

"ငစရိုင်းချောင်းတောင်နားက မင်းရွာကြားနဲ့ ဖားပြိုရွာကြားမှာ မိုင်းပေါက်ကွဲသံနှစ်ချက်ကြားရပါတယ်။ စစ်သားတွေတောင် အောက်ဆင်းတာမှာ မိုင်းပေါက်ကွဲတာလို့ကြားပါတယ်။ ကျွန်တော်တို့ ကြားထားတာတော့မိုင်းနင်းမိပြီး စစ်သား ၅ ယောက်လောက် သေတယ်လို့ သတင်းကြားတယ်" ဟု မင်ပြားဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းနင်းမိပြီး ၅ ဦးခန့်သေဆုံးကာ အနည်းဆုံး ၁၀ ဦးခန့်ဒဏ်ရာရရှိသွား​ကြောင်း ဒေသခံများကြား သတင်းထွက်နေသော်လည်း နိရဥ္စရာအနေဖြင့် ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အဆိုပါပေါက်ကွဲမှုဖြစ်စဥ်နောက်ပိုင်း လက်နက်ငယ်တရစပ်ပစ်ခတ်သံများလည်း ကြားခဲ့ရကြောင်း အနီးတဝိုက်ကျေးရွာများမှ ဒေသခံများ၏ပြောပြချက်အရသိရသည်။ ငစရိုင်းချောင်းတောင်သည် မင်းပြားမြို့၏ မြောက်ဘက် ၄ မိုင်ခန့်အကွာ ရာမောင်မြစ်ကူး တံတားအရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး စစ်ကောင်စီတပ်စွဲထားသည့် တောင်တခုဖြစ်ကြောင်း သိရသည်။

၎င်းပြင် ရာမောင်တံတားအနီး စစ်ကောင်စီ ပွိုင့် ၁၁၄ တောင်ကုန်းမှလည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟု ​ဒေသခံများက ပြောသည်။ (NN-23)

ဆက်စပ် သတင်းများ