တနင်္လာ၊ ဧပြီလ ၂၂ရက်၊ ၂၀၂၄

စစ်တွေနှင့် ဘူးသီးတောင်အကျဉ်း‌ထောင်မှ အကျဉ်းသား ၁၄၇ ဦးလွတ်မြောက်လာ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်နှင့် စစ်တွေမြို့ အကျဉ်းထောင်မှ ၇၆-နှစ်မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် စစ်ကောင်စီ၏  လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၁၄၇ဦးလွတ်မြောက်လာပြီဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့ ယနေ့ဇန်နဝါရီ၄ရက် နံနက် ၉နာရီတွင် အကျဉ်းထောင်တွင်ထောင်ချခံထားရသည့် အကျဉ်းသား ၄၉ဦး လွတ်မြောက်လာသည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ၉နာရီလောက်ကနေ ၄၉ယောက်လွတ်ပါတယ်။ မွတ်ဆလင်ရော ရခိုင်တွေရောပါတယ်။ အကျဉ်းသူ အမျိုးသမီးတွေတော့မပါဘူး " ဟုပြောသည်။


အလားတူ စစ်တွေအကျဉ်းထောင်မှ ယနေ့နေ့လည်  ၁နာရီခန့်က အကျဉ်းသား၊အကျဉ်းသူ ၉၈ ဦး လွတ်မြောက်လာသည်ဟု စစ်တွေမြို့ခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

"  အကျဉ်းသားက ၈၀နဲ့ အကျဉ်းသူက ၁၈ယောက်ပါတယ်။ အဓိကဒုစရိုက်မှုတွေနဲ့ တရားစွဲခံထားရတဲ့ သူတွေပဲ လွတ်တာများပါတယ်" ဟုပြောသည်။

အကြမ်းဖက် စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့ဇန်နဝါရီ ၄ရက်  နံနက်ပိုင်း ထုတ်ပြန်ထားသည်။(NN-11) 

ဆက်စပ် သတင်းများ