တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရသေ့တောင်တွင် ကိုယ်ထောင်မိုင်း ကိုယ်နင်း၍ စစ်‌သား ၂ဦးသေ၍ ၁ဦးဒဏ်ရာပြင်းထန်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်၊ ရသေ့တောင်မြို့တွင် ကိုယ်ထောင်မိုင်း ကိုယ်နင်း၍ စစ်ကောင်စီတပ်သား ၂ဦး သေဆုံးပြီး ၁ဦး ပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

ရသေ့တောင်မြို့တွင် ယနေ့ဇန်နဝါရီ ၄ရက်နေ့ နံနက် ၉နာရီခန့် ရသေ့တောင် တွင်တပ်စွဲထားသည့် ခမရ  ၅၃၈ တပ်ရင်းတွင် မိုင်းပေါက်ကွဲပြီး စစ်သား ၂ဦးပွဲချင်းပြီး သေဆုံးကာ ၁ဦး ဒဏ်ရာ ရရှိသွားသည်ဟု တပ်ထဲက ရသေ့တောင်မြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" ၅၃၇ တပ်ထဲက မိုင်းကွဲသံကြားလိုက်တယ်။သုံးခါ‌ ပေါက်တယ်။ ပထမတစ်ခါ ပေါက်တော့ နှစ်ယောက်ပွဲချင်းပြီးသေတယ်။မိုင်းကွဲသံကြားတော့ သူတို့တပ်ထဲက နောက်တစ်ယောက် သွားကြည့်ချိန်မှာ ထပ်နင်းမိလို့ ထပ်ပေါက်တာ ပေါက်တာ သူကတော့ ဒဏ်ရာပြင်းထန်တယ်" ဟုပြောသည်။

လက်ရှိတွင် မိုင်းထိထားသည့် စစ်ကောင်စီတပ်သားအား ရသေ့တောင်မြို့ဆေးရုံကို ပို့ဆောင်ထားပြီး အနီးအနားတွင်ရှိသည့် လဝကရုံးနှင့်မြို့ထဲနေရာတစ်ချို့တွင် လုံခြုံရေး အလုံးအရင်းချထားကြောင်း ၎င်းကဆက်ပြောသည်။

အခုကဆေးရုံကိုခေါ်သွားပြီလို့သိရတယ်။ အဲ့ဒီစစ်သားဆေးရုံရောက်နေတဲ့အတွက် လဝကရုံးနဲ့ မြို့ပေါ်က နေရာတစ်ချို့မှာ လုံခြုံရေးယူထားကြတယ်။ ဒဏ်ရာကတော့ ခြေထောက်နှစ်ဖက်လုံး မရတော့ဘူး " ဟုပြောသည်။

ဒဏ်ရာရရှိသွားသည့် စစ်ကောင်စီတပ်သား၏ ရာထူးနှင့်မည်သို့မည်ပုံဒဏ်ရာရရှိသွားသည်ကို နိရဉ္စရာသတင်းဌာနအနေဖြင့် စုံစမ်း မရရှိပါ။(NN-11) 

ဆက်စပ် သတင်းများ