Preview
Preview
Preview

မောင်တောတွင် အမျိုးသမီးငယ်နှစ်ဦးနှင့်သက်ကြီးပိုင်းအမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရ

ဇန်နဝါရီ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :1610
ရခိုင် သတင်း

ရခိုင်ပြည်၊မောင်တောမြို့နယ်၊ကန်သာယာကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လက်နက်ကြီးပစ်ခတ်၍အမျိုးသမီးငယ် နှစ်ဦးနှင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးတို့ဒဏ်ရာပြင်း ထန်ရရှိသွားကြောင်း သတင်းရရှိသည်

လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိသွားသူများမှာကန်သာယာကျေးရွာမှ မစံပယ်မိုး(၁၇)နှစ်၊မနုနုဝေ(၁၁)နှစ်နှင့် ဦးကောင်းလှညို(၇၅)နှစ်တို့ဖြစ်ကြောင်းသိ၇သည်။

ယနေ့ဇန်နဝါရီလ၄ ရက်၊ မနက် ၁၁ နာရီ ၁၀ မိနစ်က မောင်တော စခခ(၅)နှင့် ဘူးသီးတောင် မြို့တပ်ရင်းများမှပစ်ခတ်သည့် လက်နက်ကြီးကျည် ၃ လုံး ကန်သာယာကျေးရွာထဲနှင့်နေအိမ်တစ်လုံးတို့ကိုကျရောက်ပေါက်ကွဲပြီး ဒဏ်ရာအပြင်းထန်ရရှိသွားခြင်းဖြစ်ကြောင်းကျေးရွာသားများကပြောသည်။

" အဲဒီအချိန်တိုက်ပွဲတွေဘာတွေလည်းမရှိဘူး။လုံး၀ထင်မှတ်မထားဘဲ လက်နက်ကြီးကျည်တွေ ရွာထဲကျကွဲတာ။ရွာပြင်နားမှာတစ်လုံး ၊ ရွာထဲလမ်းမှာတစ်လုံး၊အိမ်တအိမ်ထက်ကို တလုံးကျကွဲတာပါ" ကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဦးကောင်းလှညိုမှနေအိမ်အမိုးစွန်းအောက်တွင် နေစာလှုံထိုင်နေစဥ် လက်နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး ညာဘက်ပေါင်ရင်းကိုကျည်စနစ်ဝင်ဒဏ်ရာရရှိသွားကြောင်း သိ၇သည်။

" ဦးကောင်းလှညိုကသူ့အိမ်ထက်ကိုလက်နက်ကြီးကျည်ကျကွဲပြီး ဒဏ်ရာရသွားတာပါ။ ဟိုကလေးနှစ်ယောက်ကတော့ လမ်းမှာကစားနေတဲ့အချိန်လက်နက်ကြီးကျည်ပေါက်ကွဲပြီးဒဏ်ရာရသွားတာ"ဟု ကန်သာယာကျေးရွာသားတစ်ဦးကပြောသည်။

မစံပယ်မိုးနှင့်မနုနုဝေတို့နှစ်ဦးမှာ ရွာလမ်းတွင် ဆော့ကစားနေစဥ် လက်နက်ကြီးကျည်တစ်လုံး လမ်းထဲသို့ကျရောက်ပေါက်ကွဲပြီးမစံပယ်မိုးမှာ တင်သားကိုကျည်စနစ်ဝင်သွားပြီးမနုနုဝေမှာ နောက်ကျောကိုကျည်စလျှပ်ထိဒဏ်ရာရရှိခဲ့ကြောင်းကျေးရွာသားများကပြောသည်။ ဦးကောင်းလှညိုနှင့်မစံပယ်မိုးတို့မှာ ဒဏ်ရာပြင်းထန်သည့်အတွက် မောင်တောဆေးရုံကြီးသို့ ဆေးကုသရန်ယူဆောင်သွားကြောင်းသိ၇သည်။(NN-23)

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.