စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

သံတွဲထောင်နှင့် ကျောက်ဖြူထောင်မှ အကျဉ်းသား ၅၆ ဦးလွတ်လာ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 799

ရခိုင်ရှိ သံတွဲထောင်နှင့် ကျောက်ဖြူထောင်မှ နောက်ထပ်အကျဉ်းသား ၅၆ ဦး လွတ်လာမြောက်လာသည်ဟု သိရသည်။

ရခိုင်ရှိ အကျဉ်းထောင်မှာ လွတ်လာသူစုစုပေါင်းမှာ ၂၀၃ ဦးရှိသည်ဟု သိရသည်။

ယင်းလွတ်မြောက်လာသူ ၂၀၃ ဦး အထဲတွင် စစ်တွေထောင်မှ ၉၈ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ  ၄၉ဦး၊ ကျောက်ဖြူထောင်မှ ၃၅ ဦးနှင့် သံတွဲထောင်မှ ၂၁ ဦးတို့ဖြစ်ကြသည်။

ထောင်နှင့် နီးစပ်သူ လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးက "  ရခိုင်ကဆိုရင် အယောက် ၂၀၀ကျော်အစွန်းလောက်ပဲ လွတ်တာပေါ့နော်။ နိုင်ငံရေးအကျဉ်းသားက လွတ်တာနည်းတယ်။ နှစ်ပြည့်လို့ပြန်လွတ်တာကများတယ်။ စစ်တွေထောင်မှာတော့ ပလက်ဝဘက်က နိုင်ငံရေးအမှုနဲ့ လွတ်လာတဲ့သူ ၇ဦးပါတယ် "ဟုပြောသည်။

ကျောက်ဖြူထောင်မှ ၃၅ ဦး လွတ်မြောက်လာသူ ၃၅ ဦးရှိပြီး အများစုမှာ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်ကဖြစ်ကြသည်ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" လွတ်တာ‌တော့လွတ်ကြပါတယ်။ လွတ်‌ မြောက်တဲ့သူကိုလာကြိုတဲ့ကား‌ တွေလည်း တွေ့ပါတယ်။ အရေအတွက်အတိကျတော့မသိဘူးပေါ့နော်။အဲ့ဒီထဲက ရမ်းဗြဲဖက်က‌လွတ်လာတဲ့လူတစ်ယောက်မှာ လမ်းစရိတ်အခက်ခဲဖြစ်နေလို့ကူညီပေးခဲ့ရတာရှိပါတယ် " ဟုပြောသည်။

စစ်ကောင်စီသည်  ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

 ( NN-11) 

 



ဆက်စပ် သတင်းများ