လက်ရှိရခိုင်တကျော့ပြန်တိုက်ပွဲတွင် အရေးနိမ့်နေသည့် စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် (AA) ကို တခြားတော်လှန်ရေးအဖွဲ့များထက် ဦးတည်ပြီး ပိုမိုဝါဒဖြန့်တိုက်ခိုက်လာသည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့က Burma Affairs & ConflictStudy (BACS) က ထုတ်ပြန်သည်။
စစ်ကောင်စီလော်ဘီချန်နယ် ၁၂ ခုကို BACS က အပတ်စဉ် စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်ပြီးဝါဒဖြန့် အကြောင်းအရာအများစုတွင် တော်လှန်ရေးနှင့်တော်လှန်ရေးဘက်တော်သားများကို ပုံဖျက်တိုက်ခိုက်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များကအကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ပုံဖော်ခြင်း၊တော်လှန်ရေးတပ်ဖွဲ့များ အဖမ်းဆီးခံရမှုနှင့် အကျအဆုံးများနေသည်ဟုဝါဒဖြန့်ခြင်း စသည့် အကြောင်းအရာမျာ အများစုပါဝင်နေသည်ကိုတွေ့၇သည်ဟု ဆိုသည်။
နိုဝင်ဘာ၁၃ ရက်နေ့မှစ၍ ရက္ခိုင့်တပ်၏ စစ်ဆင်ရေးများကျယ်ပြန့်လာသည်နှင့်အမျှစစ်ကောင်စီ လော်ဘီများကမူ ရက္ခိုင့်တပ်တော်ကိုရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များ တိုးပွားလာခြင်း၊ပြည်သူများ စစ်ဒဏ်သင့်ခြင်း ၊ စားနပ်ရိက္ခာပြတ်လပ်ခြင်း နှင့်စစ်ရာဇဝတ်မှုများစွာတို့ ၏ တရားခံအဖြစ် ဖော်ပြနေကြသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းကလည်း စစ်ကောင်စီ၏ နိုင်ငံတဝန်း မူးယစ်ဆေးဝါးဖမ်းဆီးမှုများတွင်ရက္ခိုင့်တပ်တော် AA ၏ အရာရှိများကို ကွင်းဆက်တရားခံအဖြစ်ဖော်ပြခဲ့ပြီး၊ မူးယစ်ဆေးဝါး တရားခံများ၏ အင်တာဗျူးထွက်ဆိုချက်များတွင် ၇ခိုင်ပြည်နယ်နှင့် နိုင်ငံတဝန်း မှုးယစ်ဆေးဝါးဖြန့်ဖြူးမှုများကို AA ကလုပ်ဆောင်နေကြောင်း ထည့်သွင်း စွပ်စွဲ ပြောဆိုခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီ၏မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စွပ်စွဲမှုအပေါ် AA ဘက်ကမူ စစ်ကောင်စီက မြေပြင်တိုက်ပွဲများတွင်ယှဉ်မတိုက်ခိုက်နိုင်သဖြင့် သတင်းအတု၊ သတင်းအမှားများဖြင့်ပုံဖျက် ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်ကိုတွေ့၇သည်ဟုဆိုသည်။
ဒီဇင်ဘာ(၂၄) ရက်က စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ၊ မြောက်ဦး အခြေစိုက် ခမ၇ (၅၄၀)၊ ခမ၇ (၃၇၈) နှင့် ရဲတပ်ရင်း (၃၁) တို့၏ ပစ်ခတ်မှုကြောင့် မြောက်ဦး ရှေးဟောင်းသုသနပြတိုက် ထိခိုက်ပျက်ဆီးခဲ့ရပြီးရခိုင့်သမိုင်းအမွေအနှစ်များ ထိခိုက်ပျက်ဆီးခဲ့ရသည်ဟုAA ဘက်က ပြောဆိုခဲ့ပြီး၊စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များကမူမြောက်ဦး ရှေးသုပြတိုက်ကို AA က ပစ်ခတ်ခြင်းဟု ဖော်ပြခဲ့သည်ဟုဆိုသည်။
ထို့အပြင်ရမ်းဗြဲပြည်သူ့ဆေးရုံ၊ မြောက်ဦးပြည်သူ့ဆေးရုံတို့ကိုလည်း ၇ခိုင့်တပ်တော်AA ကတိုက်ခိုက်၊ လုယက်မှုများ လုပ်ခဲ့သည်ဟု ဝါဒဖြန့်ခဲ့သည်ဟုလည်းပြောဆိုထားသည်။
မိုခါမုန်တိုင်းကာလအတွင်းလည်းစစ်ကောင်စီ၏ အကူညီပေးမှုများနှင့်နှိုင်းယှဉ်ကာရက္ခိုင့်တပ်တော် တပ်တော်၏ခေါင်းဆောင်များကို စစ်လိုလားသူများ၊ ဒေသတွင်း ငြိမ်းချမ်းရေးကို ဖျက်ဆီးသူများ၊ ၇ခိုင်ပြည်သူများ၏ မျက်နှာကိုမထောက်ထားသူများအဖြစ် ဝါဒဖြန့်ခဲ့သည့်အပြင်ပလက်၀ဒေသတွင် တိုက်ပွဲများ ဖော်ဆောင်မှုကြောင့် ချင်းလူမျိုးများနှင့်ချင်းပြည်နယ်ကို ဖျက်ဆီးနေသူများအဖြစ်ပါ သွေးထိုးပုံဖော်ခဲ့သည်ကိုတွေ့ရသည်ဟု BACS ၏ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
၂၀၂၂ ခုနှစ် ယာယီအပစ်ရပ်ကာလများတွင်ရက္ခိုင့်တပ်တော် နှင့်ပတ်သက်သည့် ဝါဒဖြန့်မှုများ သိသာစွာ လျော့ကျသွားပြီး ၂၀၂၃ ခုနှစ် (၁၀၂ရ) စစ်ဆင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် တိုက်ပွဲကာလများတွင်ကိုအခြားတော်လှန်ရေးတပ်ဖွဲ့များထက် AAကို ဦးတည်တိုက်ခိုက်မှုများပိုပြုလုပ်လာခဲ့သည်ကို တွေ့၇သည်ဟု ဆိုသည်။(NN-23) (Photo by Frontier Myanmar)