တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ရွာထဲကိုလက်နက်ကြီးဖြင့်ပစ်၍ အမျိုးသား ၁ဦးသေဆုံးပြီး အမျိုးသမီး ၁ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 25)
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ သဝင်ချောင်း ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍  အမျိုးသား ဦးပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

ယနေ့ ဇန်နဝါရီလ ၆ရက် ညနေ ၅နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိသော  သဝင်ချောင်း ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရွာထဲတွင် လက်နက်ကြီးကျည် လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

သေဆုံးသွားသူမှာ အသက် ၆၅ နှစ်အရွယ် ဦးသိန်းထွန်းဦး ဖြစ်ပြီး  ဒဏ်ရာရရှိသွားသည့် အမျိုးသမီးမှာ ဒေါ်ဦးခင်ဝင်း (၄၅) နှစ်ဖြစ်သည်။

"ရွာထဲကို လက်နက်ကြီး သုံးလုံးကျတယ်  အခုသေတာက ဘုန်းကြီးကျောင်းနားမှာ ကျတာ သူက လယ်ကွင်းက ပြန်အလာမှာ ကျတော့ တခါတည်းသေသွားတယ်" ဟု ၎င်းကျေးရွာက အမျိုးသမီးက ပြောသည်။

"နေဗီကနေ ဆက်ပြီးပစ်နေလို့  ကျမတို့ တခြားရွာတွေကို ပြေးနေရတယ်ရွာမှာ မနေရဲတော့ဘူး။ ကျန်ခဲ့သူတွေလည်းရှိတယ် "ဟု သူကဆက်ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ရက်နေ့ ညနေပိုင်းကလည်း စစ်တွေမြို့ အမှတ် (၁၂) ရဲတပ်ရင်းမှ လက်နက်ကြီး အလုံး ၁၀ လုံးခန့် ပစ်ခတ်ခဲ့သည်။

ယမန်နေ့ ဇန်နဝါရီလ ရက်နေ့ကလည်း သဝင်ချောင်းကျေးရွာအနီးရှိ တောင်းဖူးကျေးရွာကို လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသမီး ဦးနှင့် အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ကြသည်။ (NN-25)

ဆက်စပ် သတင်းများ