စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် သင်းကျိတ်တော်ဘုရားတောင်ပေါ်မှ စစ်ကောင်စီတပ် စခန်းစွန့်ခွာ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

ရခိုင်ပြည်၊မြောက်ဦးမြို့နယ် မြောက်ဘက်၊ စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းဘေးတွင်တည်ရှိသည့်  သင်းကျိတ်တော်ဘုရားတောင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးခန့်သည် စခန်းကို စွန့်ခွာပြီး မြောက်ဦးမြို့သို့ တပ်ဆုတ်သွားသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ နီးပါးခန့်သည်ယမန်နေ့ ဇန်နဝါရီ ၇ ရက် ည ၉ နာရီခန့်တွင် မြောက်ဦးမြို့သို့ တပ်ဆုတ်သွားသည်ဟု ကြားသိရကြာင်း မြောက်ဦးမြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ မနေ့ည၉နာရီက သင်းကျိတ်တော်တောင်က စစ်သား  ၉၀ ကျော် တစ်ရာနီးပါး တပ်ဆုတ်တယ်လို့ ကြားသိရတယ်။ အရင်တစ်ခါ သိမ်းထားတဲ့ငွေတောင်ပေါက်နဲ့ ၅မိုင်လောက်ဝေးတယ်။ သင်းကျိတ်တော် တောင်ဘုရားက။ တခြားစစ်ရေးကိစ္စတွေကိုတော့ အသေးစိတ်မသိရဘူး”ဟု ၎င်းက ပြောသည်။

နောက်ထပ် ဒေသခံတစ်ဦးက“  ရက္ခိုင့်တပ်တော်ဖက်က သူတို့ကို ပြည်သူ့ရင်ခွင်ကို ဝင်ရောက်ဖို့ ကြေညာတယ်။ မဟုတ်ရင် တိုက်မလား၊ ခုခံမလား၊ လက်နက်ချ အညံ့ခံမလားဆိုတော့။ သူတို့ တပ်ဆုတ် ပြေးသွားတယ်လို့တော့ ကြားတယ်။ မြောက်ဦး ၅၄၀ တပ်ရင်းမှာ သွားပေါင်းတယ်လို့ကြားပါတယ်”ဟု ပြောသည်။

သင်းကျိတ်တောင်မှ စစ်သားတချို့  ရက္ခိုင့်တပ်တော်ဘက်ထံ လက်နက်ချသည်ဟု ဒေသအတွင်းသတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာသတင်းဌာ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

စစ်ရေးစစ်ရာကိစ္စရပ်များဖြစ်၍ ရက္ခိုင့်တပ်တော်ပြောရေးဆိုခွင့်ရှိသူအားလည်း မေးမြန်း၍ အဆင်မပြေနိုင်သေးပါ။

လက်ရှိတွင် ၎င်းသင်းကျိတ်တောင်ပေါ်တွင် စစ်ကောင်စီတပ်သားများလည်း မရှိတော့သဖြင့် ယမန်ညကတည်းက ကားလမ်းလည်းပွင့်သွားပြီဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ် သတင်းများ