Preview

ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA က ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်၍ အပြန်အလှန်တိုက်ပွဲဖြစ်ပွား

ဇန်နဝါရီ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :5542
ရခိုင် သတင်း

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရှိ ဓည၀တီရေတပ်ဌာနချုပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က ရှော့တိုက်ဒုံးနှင့် ပစ်ခတ် တိုက်ခိုက်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ဇန်နဝါရီလ ၈ ရက် မနက် ရ နာရီဝန်းကျင်က သစ်ပုတ်တောင် ဓည၀တီရေတပ် စခန်းကို AA က ရှော့တိုက်ဒုံးဖြင့် ၅ ကြိမ်ပစ်ခတ်ခဲ့ရာမှ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

"ဒီနေ့မနက်က သစ်ပုတ်တောင်ဘက်မှာ သူပစ်ကိုယ်ပစ်ခတ်မှုရှိခဲ့ပါတယ်။ ဓည၀တီရေတပ် ဌာနချုပ် စခန်း ထဲကို AA က ရှော့တိုက်ဒုံးနဲ့ ပစ်ရာကနေ စဖြစ်တာလို့ သိ၇တယ်" ဟု သူကပြောသည်။

AA က ရှော့တိုက်ဒုံးနှင့်ပစ်ခတ်၍ ကြံချိုင်ကျေးရွာအောက်ဘက် သံဇစ် မြစ်အတွင်း ရှိသည့် နေဗီစစ်သင်္ဘောများကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ စည်မော်ကျေးရွာအနီး တောင်တန်းနှင့်လယ်ကွင်းများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကပြောသည်။

" ရေတပ်ထဲကို AA ကပစ်တာ။ ရေတပ်စခန်းထဲကတော့ပြန်မပစ်ဘူး။ မြစ်ထဲမှာရှိနေတဲ့ နေဗီတွေကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပြန်ပစ်ခဲ့တယ်။ လက်နက်ကြီး ကျည်တွေ အဲဒီ ရေတပ်အနီးက စည်မော်ကျေးရွာနားက တောင်တန်းနဲ့ လယ်ကွင်းတွေကိုကျတယ်" ဟု ကျောက်ဖြူမြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါနှစ်ဖက်ပစ်ခတ်မှုမှာ အချိန်အနည်းငယ်သာဖြစ်ပွားခဲ့ပြီး ရက္ခိုင့်တပ်တော် ဘက်ကလည်း ပြန်လည်ဆုတ်ခွာသွား၍ ပစ်ခတ်မှုများရပ်တန့်သွားကြောင်း သူကဆက်ပြောသည်။

AA က ရှော့တိုက်ဒုံးနှင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဓည၀တီရေတပ်စခန်းအတွင်း ထိခိုက် ပျက်စီးမှုရှိ၊ မရှိကိုမူ နိရဥ္စရာအနေဖြင့်အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ကျောက်ဖြူမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က သစ်ပုတ်တောင် ဓည၀တီ ရေတပ်ဌာနချုပ်အနီး စစ်ကောင်စီယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော် AA က ကြားဖြတ်တိုက်ခိုက်၍ နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

အလားတူ ဒီဇင်ဘာလ (၂၃) ရက် နံနက် ၁၀ နာရီခွဲခန့် ၌ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ မြောက်ဘက် မီတာ (၁၃၀၀) ခန့် အကွာအဝေး (တစ်နည်း) စနဲမြို့နှင့် အ၀တောင် ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ညီနောင်သုံးဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။(  NN-23)

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.