သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်စ ထိမှန်၍ ဒဏ်ရာရအမျိုးသမီးကို စစ်တွေရဲတပ်ဖွဲ့က ဆေးကုသခွင့် ပိတ်ပင်


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၀၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 983

ပြီးခဲ့သည့် ဇန်နဝါရီရက်က စစ်ကောင်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသွားသည့် ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးကို စစ်တွေမြို့ရဲတပ်ဖွဲ့က ေးကုသရန် လာရောက်ခွင့် ပိတ်ပင်ထား အမျိုးသမီးအတွက် စိုးရိမ်စရာ ဖြစ်နေရသည်ဟု နီးစပ်သူများကပြောသည်။

၎င်းအမျိုးသမီးမှာ ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာမှ အသက်  ၃၀ နှစ်အရွယ် မဦးဝင်းသာ ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ရက် ညနေ နာရီကျော်မှ ညနေ နာရီကျော်အထိ စစ်တွေမြို့  အမှတ် (၁၂) ရဲတပ်ရင်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းကျေးရွာမှ  အသက် ၂၅ နှစ်အရွယ် ကိုမောင်မျိုးဝင်း၊ အသက် ၃၁ နှစ်အရွယ် မဦးအေးသန်း နှင့် အသက် ၂၇ အရွယ် မဦးဝင်းသာတို့တွင် ဒဏ်ရာရရှိခဲ့သည်။

ထို့အထဲမှ မဦးဝင်းသာ၏ ဒူး၌ လက်နက်ကြီးကျည်စများ နစ်ဝင်နေ၍ ဆေးကုသမှုခံယူရန် လိုအပ်သည့်အတွက် စစ်တွေမြို့မှ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုနှင့် ချိတ်ဆက်ကာ စစ်တွေ ဆေးရုံကြီးတွင် ကုသမှုခံယူနိုင်ရန် ကြိုးစားခဲ့သော်လည်း စစ်တွေ ရဲစခန်းမှ ခွင့်ပြုချက် မပေးသောကြောင့် လာရောက်ကုသခွင့် မရခဲ့ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

" ရက်နေ့က လက်နက်ကြီးပစ်တော့ ဒဏ်ရာနဲ့အတိုင်း တခြားရွာကို ပြေးကြရတယ်။ ရက်နေ့ ရောက်တော့ လူမှုကူညီရေးအသင်းတစ်ခုက ကိုယ်ဝန်သည်တစ်ယောက်ကို သဝင်ချောင်းရွာက လာခေါ်မယ်ဆို့လို့ အဲဒီရွာကို ရေကြောင်းရော၊ ကုန်းလမ်းနဲ့ရော ခက်ခက်ခဲခဲလာပြီးမှ အမှတ် () က ခွင့်မပြုလို့ ဆေးကုသခွင့်မရခဲ့ဘူး။ စစ်တွေမှာပဲ ဆေးကုသရမယ်။ နယ်မှာက ကုလို့မရဘူး။ သတင်းပို့တော့ တောင်းဖူးကဆိုလို့ လက်မခံဘူး" ဟုဆိုသည်။

ထိုသို့ စစ်တွေသို့ လာရောက်ခွင့် ပိတ်ပင်ခံရသည့်အတွက် မဦးဝင်းသာ၏ ဒူးတွင်နစ်ဝင်နေသည့် ကျည်စများကို ယခုထိ မထုတ်နိုင်သေးဘဲ အိပ်ရာထဲ လဲနေရသည်ဟု သူကဆက်ပြောသည်။

ဒူးက ကျည်စတွေကို အခုထိ မထုတ်ရသေးဘူး။ ဆေးမှူးက ဒဏ်မှန်ရိုက်ရမယ်ပြောတယ်။ နယ်မှာက ဘယ်က ဓာတ်မှန်ရိုက်တာ ရှိမလဲ။ ဒါကြောင့် ခုထက်ထိ သူက ဒဏ်ရာနဲ့ အိပ်ရာထဲ ဒီအတိုင်းလဲနေရတယ်။ စစ်တွေဆေးရုံကို မရောက်ရင် အခြေအနေမကောင်းဘူး။ ခြေထောက် ဖြတ်လိုက်ရမလား။ ဒီလို အခြေအနေ ဖြစ်နေပြီဟုဆိုသည်။

ယခုကဲ့သို့ ဒဏ်ရာရသွားသည့် အမျိုးသမီးကို ဆေးကုသခွင့် ပိတ်ပင်ခြင်းမှာ စစ်ကောင်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသည်ကို မီဒီယာများက ဖော်ပြမည်ကို စိုးရိမ်၍ဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဉ္စရာကို ပြောသည်။

" စစ်တပ်က တောင်းဖူးကို လက်နက်ကြီးပစ်လို့ ဒဏ်ရာရတဲ့လူနာလို့ သိသွားတဲ့အတွက် ရဲက ခွင့်မပြုတာ။ အဲဒီလူနာဟာ စစ်တွေကို လာရင် ပိုပြီးကျယ်ပြန့်သွားမှာ သိလို့ သတင်းကို အမှောင်ချချင်လို့ ပိတ်ပင်တာ။ အသက်ဘေးနဲ့ ရင်ဆိုင်နေရသူကို ဆေးကုသခွင့်ပေးဖို့ တားမြစ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်" ဟု ဆိုသည်။

ထို့အပြင် ဦးမြတ်ထွန်းက သူတို့ကြောင့် ပြည်သူလည်း ထိခိုက်နစ်နာရတယ်။ အေအေနဲ့ဖြစ်တယ်။ ပြည်သူကို ထိခိုက်အောင် လုပ်တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ ပြည်သူကို ဒုက္ခရောက်အောင် လုပ်တယ်။ ဆေးကုသခွင့်မပေးတာဟာ လူသားချင်းစာနာထောက်ထားမှုကို မကြည့်ဘဲနဲ့ လုပ်တယ်ို့ ပြောချင်တယ်။ တောင်းဖူးကဆိုတာနဲ့ လာခွင့်မပေးဘူးဆိုတာက စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခုဖြစ်တယ်ဟုဆက်ပြောသည်။

လက်ရှိတွင် မဦးဝင်းသာမှာ နီးစပ်ရွာကျေးရွာတစ်ခုရှိ ကျေးလက်ဆေးမှူးထံတွင် ဆေးကုသမှု ခံယူနေသော်လည်း စစ်တွေဆေးရုံတွင် ဆေးကုမှုခံယူရန်လိုအပ်နေကြောင်းလည်း သိရသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ စစ်ကောင်စီသည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူ လူထုများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစ်ရဟတ်ယာဥ်၊ ဂျက်တိုက်လေယာဥ်များဖြင့် ပစ်ခတ်ခြင်းနှင့် စစ်နေဗီများဖြင့်ပါ ပစ်ခတ်မှုများကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရသည်များလည်း ရှိနေသည်။ (NN-3)

ဆက်စပ် သတင်းများ