တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

စစ်ကောင်စီဂျက်ဖိုက်တာဖြင့် မီးဝရွာထဲ ဗုံးကြဲ၍ အမျိုးသမီးတစ်ဦးသေဆုံး


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပလက်၀မြို့နယ် မီး၀ကျေးရွာထဲဗုံးကြဲချခဲ့၍ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ မီးဝကျေးရွာမှ ဒေါ်စောမြသိန်း(၆၇)နှစ်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၉ ရက်၊ နေ့လယ် ၂ နာရီအချိန်က စစ်ကောင်စီဂျက်ဖိုက်တာတစ်စီးက မီးဝကျေးရွာထဲ ဗုံးသုံးလုံးထိကြဲချခဲ့ပြီး တစ်လုံးမှာ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲကာ ဒေါ်စောမြသိန်းသေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

" မီးဝရွာထဲ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံးထိကြဲသွားပါတယ်။အိမ်ကိုကျပြီးတော့ ဒေါ်စောမြသိန်းသေဆုံးသွားပါတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

မီးဝကျေးရွာအနီးရှိ စစ်ကောင်စီ၏ မီးဝဗျူဟာကုန်းနှင့် ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းဌာနချုပ် တို့ကို AA က အပြင်းအထန်ထိုးစစ်ဆင်နေပြီး တပ်ရင်းနှင့်ဗျူဟာကျဆုံးမသွားရေး စစ်ကောင်စီကလေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်း ပလက်ဝဒေသခံများက ပြောသည်။(NN-23)

ဆက်စပ် သတင်းများ