Preview

ကျောက်တော်မြို့နယ် အပေါက်၀ရွာ မွတ်ဆလင်ရပ်ကွက်မီးလောင်၍ နေအိမ် ၂၀ခန့်ဆုံးရှုံး၊ လူပေါင်း ၁၀၀ခန့် အိုးမဲ့အိမ်မဲ့ဖြစ်

ဇန်နဝါရီ ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :1442
ရခိုင် သတင်း

ကျောက်တော်မြို့နယ်၊အပေါက်၀ကျေးရွာ၊ မွတ်ဆလင်ရပ်ကွက်တွင် မီးလောင်၍  နေအိမ် ၂၀ခန့် ပျက်စီးသွားပြီး လူပေါင်း  ၁၀၀ နီးပါးခန့်  အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်းသတင်းရရှိသည်။

ယနေ့ဇန်နဝါရီ၉ ရက် နေ့လယ် ၁နာရီခန့်က  မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု အပေါက်၀ကျေးရွာသားတစ်ဦးကနိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ဒီနေ့တစ်နာရီလောက်က မီးလောင်ခဲ့တယ်။ ပေါ့ဆမီးကြောင့်စလောင်တာပါ။  အိမ်တွေက နီးနီးကပ်ကပ်ရှိတော့ကူးစက်မြန်သွားတာပါ။ အိမ် ၂၀လောက် ပြာကျသွားပါတယ်” ဟုပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို ရပ်သူရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြရသည်ဟု သိ၇သည်။

“မီးသတ်ကားတွေရောက်လာတဲ့အချိန်မှာ မီးကငြိမ်းသွားပါပြီ။ မီးငြိမ်းသွားပေမယ့် ဒေသခံ၁၀၀နီးပါးလောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြပါပြီ။ မီးကို လူတိုင်း သေချာဂရုတစိုက်သုံးစွဲသင့်ပါတယ်” ဟုပြောသည်။

အပေါက်၀ကျေးရွာတွင်မူဆလင်ရပ်ကွက် ၂ ခုနှင့်ရခိုင်ရပ်ကွက် ၅ ခုရှိပြီး၂၀၂၂ ခုနှစ်ထိ အိမ်ခြေ ၁၈၀၀ကျော်နီးပါးနှင့်  လူဦးရေ၉၀၀၀ကျော်နီးပါးရှိကြောင်းသိ၇သည်။(NN-11)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.