စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ပလက်၀ ခမရ (၃၀၈) တပ်ရင်း ရက္ခိုင့်တပ်တော်သိမ်းပိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ချင်းပြည်နယ်၊ ပလက်၀မြို့အနီး အခြေစိုက်သည့် စကခ(၁၉) လက်အောက်ခံ ခမရ (၃၀၈) တပ်ရင်းအား ဇန်နဝါရီ ၆ ရက် နံနက် ၇ နာရီအချိန်က ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ သိမ်းပိုက်နိုင်ခြင်းကို ရက္ခိုင့်တပ်တော်က ဇန်နဝါရီ ၉ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ (၉) ရက်တစ်နေ့လုံး ပလက်ဝမြို့အနီးပတ်ဝန်းကျင်၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ် များဖြင့် အပြင်းအထန်ခုခံ တိုက်ခိုက်လျက်ရှိသကဲ့သို့ မိမိတို့ဘက်မှလည်း အပြီးသတ်သိမ်းပိုက်ရယူရေး အတွက် ကြိုးပမ်းလျက်ရှိသည်။


ရက္ခိုင့်တပ်တော်မှ  စစ်ကောင်စီတပ်မှ အလောင်းအများအပြားနှင့် လက်နက်ခဲယမ်း အမြောက်အမြားတို့ကိုလည်း ယနေ့တွင်ထပ်မံ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပလက်ဝနှင့် ကျောက်တော်အစပ်တွင်ရှိသော စစ်ကောင်စီ၏ မီးဝဗျူဟာကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ဤတိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များကို ကြိမ်ဖန်များစွာသုံး၍ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ