တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် မင်းပြားမြို့တွင်စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးကျည်ကျ၍ ဈေးမီးလောင်နေကာ ၇ဟန်းတော်၁ပါးအပါအဝင်နောက်ထပ်ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိ၇သည်။
ယနေ့ဇန်နဝါရီ ၁၀ ရက်၊ မနက် ၁၁နာရီအချိန်ခန့်က စစ်ကောင်စီတပ်၏ ခမ၇ (၃၇၉)၊ (၃၈၀) ၊ (၅၄၁)တပ်တို့မှ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်
မင်းပြားမြို့ခံတစ်ဦးက "မင်းပြားဈေးကတော့ မီးလောင်နေတယ်။သိပ်မပြင်းသေးဘူး။ အချိန်မီ မီးသတ်နိုင်ရင်တော့ မီးငြိမ်းနိုင်လောက်တယ်။ပုဏ္ဏားကျွန်းဈေးလိုဖြစ်မှာ စိုးရိမ်ရတယ်။ ပြီးတော့ လေယာဉ်နဲ့ပစ်လို့မြို့မတောင်ကျောင်းမှာလည်း ဗုံးကျပြီး ဆရာတော်တစ်ပါး ဦးခေါင်းမှာ ဒဏ်ရာ၇တယ်။ ကျောင်းလည်း ပြိုသွားပါတယ်" ဟု ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ မင်းပြားမြို့၊မြို့မတောင်ကျောင်းမှ သက်တော် (၆၀)နှစ်ရှိ ဆရာတော် ဦးကဝိသာရ(ဦးခေါင်းကျည်စထိ)၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှ မိန်းကလေးငယ်တစ်ဦးနှင့် ဦးမောင်ကျော်မြတို့ဖြစ်သည်ဟု သိ၇သည်။
ယနေ့ အစောပိုင်းကလည်း မင်းပြားမြို့၊ ပြည်တော်လှ ရပ်ကွက်တွင်လည်း စစ်ကောင်စီ တပ်ရင်းများက လက်နက်ကြီးပစ်ခတ်စဥ် နေအိမ်အနီးကျရာက်ပေါက်ကွဲ၍ဦးမောင်ကျော်ထွန်း (၅၆)နှစ်မှာ ဝမ်းဗိုက်တွင် ကျည်စထိမှန်ကာဒဏ်ရာရရှိသွားသည်။
မင်းပြားမြို့တွင် ယနေ့ဇန်နဝါရီလ၁၀ရက်၊ နံနက် ၆နာရီအချိန်မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်စခန်းချထားသောကျိန်းတောင်၊ ၎င်းအပြင် စစ်ကောင်စီတပ်ရင်းများဖြစ်ကြသည့်
ထိုသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့်မင်းပြားမြို့နှင့် အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို ရဟတ်ယာဉ် တစ်စီးဖြင့်လည်း ပစ်ခတ်ကာဂျက်လေယာဉ် တစ်စီးဖြင့်လည်းဗုံးကြဲ တိုက်ခိုက်နေသည်ဟု သိ၇သည်။(NN-12)
ဓာတ်ပုံ- ပေးပို့