Preview

ရခိုင်လူမျိုးတို့ အမြတ်တနိုးတန်ဖိုးထားရာ မြောက်ဦးနန်းတော်ရာကုန်းကို စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်

ဇန်နဝါရီ ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :1334
ရခိုင် သတင်း

မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမ၇ (၅၄၀) တပ်ရင်းမှ ဇန်နဝါရီ ၁၀ ရက် နံနက် (၁၁) နာရီခွဲအချိန်၌ ရက္ခိုင်ရှေးဟောင်း မြောက်ဦးမြို့နန်းတော်ရာကုန်းအားလက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့ ၏ ဇန်နဝါရီ ၁၀ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်ကောင်စီသည် မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ် (World Heritage)စာရင်းဝင်ရန် အဆိုပြုထားသည်ကို သိပါလျက် ရက္ခိုင်လူမျိုးတို့၏အသည်းနှလုံးဟုတင်စားကြသည့် မြောက်ဦးနန်းတော်ရာကုန်းကို လက်နက်ကြီးဖြင့် (၆)ကြိမ်တိုင်တိုင် တမင်တကာ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ဤသည်မှာရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကိုကျူးလွန်ခြင်းပင် ဖြစ်ကြောင်း ဆက်လက် ဖော်ပြသည်ထားသည်။ 

ရခိုင်ရှေးဟောင်းမင်းနေပြည်တော် မြောက်ဦးသည်အေဒီ ၁၄၃၀ မှ အေဒီ ၁၇၈၄ ခုနှစ်ထိ နှစ်ပေါင်း (၃၅၄) နှစ်ထိ သက်တမ်းရှည်လျားခဲ့သည့် မြို့တော်တစ်ခုဖြစ်ပြီးဗမာဘုရင် ဘိုးတော်ဘုရားတပ်များက မြောက်ဦးမြို့တော်ကို ဝင်ရောက်သိမ်းပိုက်စဉ် နန်းတော်ကို မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။၎င်းပြင်အနီးအနားရှိ တောင်များကို ပိုင်းဖြတ်ကာ နန်းတော်ရာအား မြေဖို့ပစ်ခဲ့သည်ဟုလည်းသမိုင်းမှတ်တမ်းများအရသိ၇သည်။


လက်ရှိစစ်ကောင်စီသည် ရခိုင်လူမျိုးတို့၏ တန်ဖိုးထားရာရှေးဟောင်းအမွေအနှစ်များကိုဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် များကြာမီကလည်း နန်းတော်ရာကုန်းပေါ်ရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် တန်ဖိုးမဖြတ်နိုင်သော ကျောက်စာများအပါအဝင်ရုပ်တုများ ပျက်စီးသွားခဲ့သည်ဟု သိရှိ၇သည်။

၎င်းအပြင် ခမ၇ (၅၄၀) တပ်ရင်းမှ ဇန်နဝါရီ ၁၀ ရက်နေ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် တချို့သည် မြောက်ဦးမြို့၊အောင်တပ်ရပ်ကွက်သို့ လည်း ကျရောက်ပေါက်ကွဲခဲ့ရာ ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့၇ပြီး ဒေသခံအမျိုးသား (၁) ဦးမှာလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြန်သည်။

အဆိုပါနေ့  ညနေ (၄) နာရီအချိန်တွင်လည်း စစ်ကောင်စီ၏မြောက်ဦးအခြေစိုက် “ခမ၇ (၃ရရ) တပ်ရင်း” မှ မြို့ပေါ်ရပ်ကွက်များသို့လက်နက်ကြီးဖြင့် တမင်တကာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးမြို့၊ဝါဈီးရပ်ကွက်၊ ဝါဈီးတံတားအနားရှိ လူနေအိမ် (၂) ဆောင်မှာ မီးဟုန်းဟုန်းတောက်လောင်ကာ ပြာကျခဲ့၇သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.