Preview

ကန်စောက်တွင် လက်နက်ကြီးကျည်ကျ၍ မြိုတိုင်းရင်းသား အမွှာမောင်နှမ၂ဦး သေဆုံးပြီး မိခင်ဖြစ်သူဒဏ်ရာရ

ဇန်နဝါရီ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :2490
ရခိုင် သတင်း

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက်အခြေစိုက် ခမ၇(၅၃၉)တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျည်စထိမှန်ကာ မြိုတိုင်းရင်းသား အမွှာမောင်နှမ ၂ဦး သေဆုံးပြီး မိခင်ဖြစ်သူမှာ ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသည့် မြိုတိုင်းရင်းသားအမွှာမောင်နှမ ၂ဦးမှာ ကျောက်တော်မြို့နယ်၊ ကံသုံးဆင့်(မြို)ကျေးရွာမှ အသက်(၁၄)နှစ်အရွယ် မောင်ထွန်းထွန်းနှင့် မစိုးစိုးတို့ဖြစ်ပြီး ဒဏ်ရာရရှိသွားသည့် မိခင်ဖြစ်သူမှာ အသက်(၄၀)ကျော်အရွယ် ဒေါ်ဒါဝင်းဖြစ်သည်ဟု သိ၇သည်။

ကန်စောက်အခြေစိုက် ခမ၇ (၅၃၉)တပ်မှ ယမန်နေ့ဇန်နဝါရီလ ၁၂ရက်၊ ညနေ ၈နာရီအချိန်က လက်နက်ကြီးများပစ်ခတ်၍ ကံသုံးဆင့်(မြို) ကျေးရွာနှင့် အနီးဝန်းကျင်တို့တွင် ကျရောက် ပေါက်ကွဲခဲ့သည်ဟုသိ၇သည်။

ကံသုံးဆင့် ကျေးရွာမှ ဒေသခံတစ်ဦးက "မနေ့က သူတို့အိမ်နားမှာ လက်နက်ကြီးကျည်ကျပြီး ပေါက်ကွဲတာ။ သူတို့မိသားစုမှာ အဖေကမရှိတော့ဘူး။ သားအကြီးတယောက်က မလေးရှားမှာ။ အိမ်ထဲမှာရှိနေရင်းက ကျည်ကျပြီး အဲ့ဒီအမွှာကလေးနှစ်ဦးမှာက ဒဏ်ရာရသွားတာပြင်းပြီး သေသွားတယ်။သူ့တို့အမေဖြစ်သူမှာတော့ ဒဏ်ရာမပြင်းဘူး" ဟု ပြောသည်။

အဆိုပါလက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် အမွှာ ၂ဦးကို ညနေ ၈နာရီကျော်အချိန်ခန့်က ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာရှိ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်းသိ၇သည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၁၁ ရက်၊ ညနေ ၆ နာရီကျော် အချိန်ခန့်ကလည်း ကန်စောက်ခြေစိုက် ခမ၇ (၅၃၉)တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယင်းတပ်အနီးရှိ ပန်းဖဲချောင်းကျေးရွာတွင် ကျရောက်ပေါက်ကွဲကာ ဒေသခံ ၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့သည်။

အလားတူ ဇန်နဝါရီ ၁၁ ရက်၊ ညနေ ၅ နာရီအချိန်ခန့်ကလည်း ကန်စောက်ခြေစိုက် ခမ၇(၅၃၉)တပ်မှ တလက်နက်ကြီးပစ်ခတ်မှုကြောင့် အပေါက်၀ကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့မီးလောင်ခဲ့သည်။(NN-12)

ဓာတ်ပုံ - လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးသွားသည့် မြိုတိုင်းရင်းသား အမွှာမောင်နှမ ၂ဦး

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.