- Web Master
- ၀၁ ဇန်နဝါရီ ၂၀၂၄
ရခိုင်ပြည်၊
မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်တွင်ယမန်နေ့ ညအချိန်က စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး သက်ကြီး အမျိုးသား တစ်ဦးသေဆုံးသွား
သေဆုံးသူမှာ အသက်
၇၀ ကျော်အရွယ် ဦးသိုင်းထွန်းစိန်ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများမှာ အသက် ၅၀
ခန့်အရွယ် ဒေါ်မကြည်အေး၊ ဦးငါးနီတူ အသက် ၅၀ ကျော် နှင့် ဦးကျော်သန်းချေ ၅၆
တို့ဖြစ်ကြသည်။ နေအိမ်လည်း ၁၀ ဆောင်ထက်မနည်း ပျက်စီးသွားကြောင်း ဒေသခံများက
နိရဉ္စရာသတင်းဌာနကို ပြောသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီကျော်မှစ၍ နေဗီမှပစ်ခတ်လိုက်ပြီး၊ ထိုလက်နက်ကြီး ကျည်များသည် ရွာထဲသို့အတွဲလိုက် ကျရောက်လာခဲ့ကြောင်း၊ ထိုလက်နက်ကြီးပစ်ခတ်မှုကို မြောက်ဦးမြို့နယ် စက်သားရွာအနီးရှိ နေဗီမှ ပစ်ခတ်ခဲ့့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံ တစ်ဦးက " လက်နက်ကြီးရွာထဲကို ပစ်ချတာ ရွာမှာ ၂ နေရာကျတယ်။ တစ်ခါပစ်ရင် အတွဲလိုက် ၅ လုံး၊ ၆လုံး လောက်ကျတယ်။ ဒီလိုမျိုးတစ်ခုမှ မကြားဖူဘူး။ ဒီလက်နက်ကြီးတွေက အရမ်းကြောက်ဖို့ ကောင်းတယ်။ အဖိုးတစ်ယောက် သေသွားပြီးတော့ ၃ ယောက် ဒဏ်ရာရတယ်။ အမျိုးသမီးတစ်ယောက် ဒဏ်ရာပြင်းလို့ သတိလစ်သွားခဲ့တယ် " ဟုပြောသည်။
၎င်းပြင် မြောက်ဦးမြို့ ခမရ ၃၇၇၊ ၃၇၈ တို့မှလည်း ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ၁၀ နာရီ ၄၀ ကျော် ဝန်းကျင်အထိ လက်နက်ကြီးများ ပစ်ခတ်နေခဲ့ကြောင်း ဒေသခံများက ပြောကြသည်။
ထို့သို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် အဆိုပါရပ်ကွက်တွင် နေအိမ် ၁၀ ဆောင်ခန့် ပျက်စီးသွားကြောင်းလည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
" စစ်ကောင်စီတွေပစ်လိုက်တာလေ။ အိမ်တွေလည်း ပျက်စီးသွားတာ မကြည့်ရဲဘူး။ အိမ် ၁၀ ဆောင်ထက် မနည်းဘူး။ အိမ်နံရံတွေတွေ၊ ထရံတွေ ပျက်စီးသွားတယ်။ ပြီးရင် ပြတင်းပေါက်မှန်တွေကွဲသွားတယ်။ လက်နက်ကြီးချောင်းနားတွေမှာလည်း ကျတယ်။ ကမ်းပါးတစ်ခြမ်းပြိုသွားတာ မလွယ်ဘူး။ ရေကြောင်းလိုင်းတွေပဲ ပစ်တော့ရေပိုက်တွေ အကုန်ပျက်သွားတယ်။ အပင်တွေတောင် မဲတူးသွားတယ် " ဟုပြောသည်။
အဆိုပါရပ်ကွက်မှ
ဒေသခံများသည် ယခင်ကဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြပြီး၊ လက်ရှိတွင်
အားလုံးနီးပါးရွေ့ပြောင်းနေကြပြီ